စပါးရိတ်သိမ်းခြွေလှေ့ပြီးလျှင် စပါးကို အခြောက်လှန်းရပါသည်။ စပါးအခြောက်လှန်းသည့် စနစ်သည် စပါးအရည်အသွေးကို လွှမ်းမိုးနေပါသည်။ စပါးရိတ်သိမ်းချိန်တွင် စပါးစေ့အတွင်း အစိုဓါတ်သည် (၂၀-၂၅) ရာခိုင်နှုန်းပါလာပါသည်။ ၎င်းအစိုဓါတ်သည် တနေ့လျှင် (၁.၅-၂) ရာခိုင်နှုန်းထိ သဘာဝအလျောက် ကျဆင်းနေပါသည်။

မြန်မာ့ဆန် ကမ္ဘာ့ဈေးကွက်မှာ မျက်နှာပန်းလှ ရင်ဘောင်တန်းနိုင်ဖို့ဆိုလျှင် အရည်အသွေးကောင်းဖို့ လိုအပ်ပါသည်။ သို့သော် မြန်မာ့ဆန်သည် အရည်အသွေးမကောင်းသည့်အတွက် ကမ္ဘာ့ဈေးကွက်မှာ နောက်တန်းရောက်ခဲ့သည်မှာ ကြာခဲ့ပါပြီ။ ဆန်အရည်အသွေး ညံ့တဲ့အတွက် အာဖရိကလို နိုင်ငံတွေကိုဘဲ အားကိုးနေရသည်။ အခြားဆန်ကောင်းစားတဲ့ နိုင်ငံကြီးတွေကို ဝင်တိုးလို့မရဘူး ဖြစ်နေသည်။ ဆန်အရည်အသွေးညံ့တော့ ဈေးကောင်းလဲမရနိုင် ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံရှိ တောင်သူလယ်သမားကြီး အများစုဟာ ဒေသရေမြေအလိုက် သီးနှံအမယ်စုံ စိုက်ပျိုးကြတာ တွေ့ရပါတယ်။ နှံစားသီးနှံဆိုရင် စပါး၊ အစေ့ထုတ်ပြောင်း၊ ဂျုံ၊ ပဲမျိုးစုံသီးနှံဆိုရင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲပုတ်၊ ဆီထွက်သီးနှံဆိုရင် မြေပဲ၊ နှမ်း၊ နေကြာ၊ သစ်သီးဝလံဆိုရင် သရက်၊ မာလကာ၊ ကျွဲကော၊ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်၊ ငှက်ပျော၊ ထောပတ်သီး၊ လိမ္မော်၊ နာနတ်၊ စက်မှုသီးနှံဆိုရင် ဝါ၊ ကြံ၊ ဂုန်လျှော်၊ ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဟင်းသီးဟင်းရွက်တွေဆိုရင် မုံညှင်း၊ မုံလာ၊ ဖရဲ၊ သခွား၊ ကြက်သွန်ဖြူ/နီ၊ အာလူး၊ ခရမ်းချဉ်စတဲ့ သီးနှံတွေ စိုက်ပျိုးကြတာ တွေ့ရပါတယ်။

မြေပဲမှာကျတဲ့ ဖိုးလမင်းကျိုင်း

ဒီတစ်ပတ် တောင်သူလယ်သမားမိဘကြီးများကို ဆွေးနွေးအကြုံပြုလိုတဲ့ အချက်ကလေးကတော့ မြေပဲကို ဒုက္ခပေးနေတဲ့ ဖိုးလမင်းကျိုင်းကောင်းကို ဘယ်လိုကာကွယ် နှိမ်နှင်းရမလဲဆိုတဲ့ အချက်ကလေးပါဘဲ။

ပြီးခဲ့တဲ့ အပတ်ထဲက တိုင်းဒေသကြီးတစ်ခုရဲ့ အစိုးရအဖွဲ့က တိုင်းမြို့တော်ခန်းမမှာ ကြီးမှူးကျင်းပတဲ့ တောင်သူလယ်သမားများ စိုက်ပျိုးနည်းပညာ ဟောပြောပွဲ ဖိတ်ကြားတဲ့အတွက် သွားရောက် ဆွေးနွေးခဲ့ပါတယ်။ တောင်သူလယ်သမားတွေလဲ ခန်းမကြီးနဲ့ အပြည့်ဆိုတော့ ၆၀၀ ကျော် တက်ရောက်တယ်လို့ သိရပါတယ်။

စပါးစေ့ အညှောက်ပေါက်ပြီး နှစ်ပတ်အတွင်း အမြစ်မှ အစာမစုပ်ယူသေးဘဲ ၎င်း၏အစေ့တွင်းရှိ အစာဖြင့်သာ ရပ်တည်ကြီးထွားသည်။ အမြစ်ကြီးထွားဖွံ့ဖြိုးမှုလည်း စတင်ဖြစ်ပေါ်သည်။ ၎င်းအချိန်မှစ၍ မြေသြဇာနှင့် မြေဆွေး စတင်ကျွေးပေးရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် နွေစပါးကို ဧကသုံးသန်းကျော် စိုက်ပျိုးလျက်ရှိသည်။ ယခုအခါတွင် နွေစပါးကို စိုက်ပျိုးသည့်ရာသီဖြစ်သဖြင့် မြန်မာပြည်အောက်ပိုင်းဒေသများတွင် အတော်များများစော၍ စိုက်ပျိုးပြီး မြန်မာပြည်အထက်ပိုင်းဒေသများတွင် မိုးဦးနောက်ကျတတ်သဖြင့် နွေစပါးစိုက်ပျိုးမှု နောက်ကျတတ်သည်။

စပါးအမြစ်ပုပ်နီမတုတ်ရောဂါ
(Rice Root Rot Nematode)
Hirschmaniella oryzae

Page 3 of 4

About us

We established Myanma Shwe Nagar Agricultural Group Co.,Ltd since 2004 in Myanmar .

 

We had mainly invested in agriculture by doing production and distribution of Fertilizers, insecticides, herbicides and some plants growth regulators, hormones which all are essential inputs used in all farms to get crop high yield.

Last posts

Contact Us

 No.402 ,U Phoe Hlaing Street Shwe Lin Ban Industrial Zone Hlaing Thar Yar Tsp,Yangon, Myanmar .

 myanmashwenagaroffice@gmail.com

 09253322255, 09253322266, 09253322277, 09253322288,09450601897