အမျိုးအစား
ခရမ်းချဉ်ကို အရိုင်းမျိုး၊ မီးဖိုချောင်သုံး Table type , Cherry type နှင့် processing type ဟူ၍ ခွဲခြားစိုက်ပျိုးလေ့ရှိပါသည်။ အရိုင်းမျိုးမှာ အချဉ်ဓာတ်ပါဝင်မှု မြင့်မားပြီး အသီးအရွယ်အစားသေးခြင်း၊ အခွံပါးခြင်းနှင့် အစေ့ပါဝင်မှုများပြားခြင်း ရာသီဥတုဒဏ်( အပူချိန်မြင့်မားမှု) ကို ပိုမိုခံနိုင်ရည်ရှိခြင်း ရောဂါဒဏ်ခံနိုင်မှုရှိခြင်းေကြာင့် မျိုးစပ်ခြင်းလုပ်ငန်းတွင် များစွာအသုံးဝင်ပါသည်။
မီဖိုးချောင်သုံးနှင့် Table Type ခရမ်းချဉ်သီးများမှာ အလုံးအရွယ်အစားအသင့်အတင့်မှ ကြီးမားပြီး အစေ့ပါဝင်မှု နည်းပါးသည်။ အနည်းငယ်အေးသော ဒေသများတွင် ပို၍ စိုက်ပျိုးဖြစ်ထွန်းမှု အားကောင်းပါသည်။
Cherry tomato ခရမ်းချဉ်သီးတွင် အချိုဓါတ်ပါဝင်မှု မြင့်မားပါသည်။ စက်ရုံးသုံးခရမ်းချဉ်သီးမျိုးမှာ အခွံထူ အနှစ်များပြီး အသီးရင့်မှည့်ချိန် ညီညာမှုရှီသည့်အတွက် စက်ဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ပါသည်။
အပင်ပုံသဏ္ဍန်
(က) တိုင်ထောင်မျိုး(Indeterminate)
အပင်ကြီးထွားပုံမှာ အဖျားတွင် အညွန့်နှင့် အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခုကြားတွင် အဆစ်(၂) ဆစ်မှ အထက်ရှိသည်။ ပြုစုစောင့်ရှောက်မှုကောင်းပါက တစ်နှစ်ခံပြင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင် တိုင်ထောင်၊ တန်းပစ်၊ ကြိုးချည်၊ အတက်ဖဲ့ခြင်း လုပ်ငန်းများ မှန်မှန်ဆောင်ရွက်ရန် လိုအပ်ပါသည်။
(ခ) တိုင်လွတ်မျိုး( Determinate)
အပင်ကြီးထွားပုံမှာ အဖျားတွင် ပန်းခိုင်နှင့် အမြဲတမ်း အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့်တစ်ခုကြားတွင် အဆစ်(၃) ဆစ်သာ ရှိသည်။ စက်ရုံသုံးခရမ်းချဉ်သီးအားလုံး ဤအုပ်စုအောက်တွင်ပါဝင်ပြီး မိုးလွတ်ကင်းသော ဆောင်းနှင့် ေနွဥတုတွင် စိုက်ပျိုးသည်။
စိုက်ပျိုးသည့်ဒေသ
အပူပိုင်းဒေသနှင့် သမေနွးပိုင်းဒေသတွင် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသည်။ မြန်မာနိုင်ငံအနေဖြင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ သမေနွးပိုင်းရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။
ေမြနှင့် ရာသီဥတု
ေနွးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ နံနက်ပိုင်းအပူချိန် (၁၅) ဒီဂရီစင်တီဂရိတ်တွင် ပန်းပွင့်မှုမှာ အကောင်းဆုံးဖြစ်သည်။ ညဘက်တွင် အလွန်ေခြာက်သွေ့ပူပြင်းပြီး အပူချိန် (၁၃) ဒီဂရီစင်တီဂရိတ်ထက် နိမ့်ကျလျှင်လည်းကောင်း၊ (၃၂) ဒီဂရီစင်တီဂရိတ်ထက် မြင့်လျှင်လည်းကောင်း၊ ခရမ်းချဉ်အပွင့်များ မျိုးမအောင်အသီးမတင်ဖြစ်ရမည်။ ပူလွန်းခြင်း၊ အေးလွန်းခြင်းစသည့် လွန်ကဲသော ရာသီဥတုအေခြအနေမျိုးတွင် အပင်ကို သေစေနိုင်သည်။ ပျှမ်းမျှအပူချိန် (၁၈-၁၅) ဒီဂရီစင်တီဂရိတ်ရရှိလျှင် အပင်ဖြစ်ထွန်းမှု အကောင်းဆုံး ဖြစ်ပါသည်။
ခရမ်းချဉ်ကို ေမြအမျိုးအစားများစွာတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အသင့်တော်ဆုံးမှာ နုန်းေမြ နှင့် နုန်းစနယ်ေမြ ဖြစ်ပါသည်။ ရေဝပ် သောေမြကို လုံးဝရှောင်ကျဉ်ရမည်။ ေမြအချဉ်အငံဓါတ် (၅.၅-၇.ဝ) တွင် အကောင်းဆုံးဖြစ်သည်။ ေမြအချဉ်ငံဓါတ်(၅.၅) ထက် နိမ့်ကျ ပါက ထုံးထည့်၍ စိုက်ပျိုးရန် လိုအပ်ပါသည်။
အသီးပုံသဏ္ဍန်
Deep globe, Oblate, Rectangular နှင့် Plum ဟူ၍ ခွဲခြားနိုင်ပါသည်။ အသီးညှာတွင် အစိမ်းရစ်ပါသောမျိုး (Green Shoulder) နှင့် မပါသောမျိုးဟူ၍ ပေါ်လွင်စွာ ခွဲခြားလေ့ရှိပါသည်။ အသီးထိပ်တွင် (Pointed, Semi-pointed, Smooth နှင့် Sink) ဟူ၍ (၄) မျိုး ခွဲခြားထားပါသည်။ အသီးရောင်အနေဖြင့် အနီ၊ ပန်းရောင် နှင့် အဝါ ဟူ၍ အုပ်စု(၃) ခု ခွဲဖြားထားပါသည်။
ပျိုးထောင်ခြင်း
စနစ်တကျပြုပြင်ထားသော ပျိုးဘောင်တွင် တစ်တန်းနှင့် တစ်တန်း (၂) လက်မခြား စိုက်တန်းများ ေဖြာင့်တန်းစွာစွဲ၍ တစ်စေ့နှင့်တစ်စေ့ လက်မဝက်ခြားစီ မျိုးစေ့တန်းချကာ ေမြဆွေးမှုန့်ဖြင့် ခပ်ပါးပါးဖုံးအုပ်ပေးရန် လိုသည်။ ပြီးလျှင် ရေဝအောင်လောင်းပေး၍ ကောက်ရိုး၊ မြက်ေခြာက်၊ သက်ကယ်(သို့မဟုတ်) စပါးခွံဖြင့် ခပ်ပါးပါးဖုံးအုပ်ပေးရန် လိုသည်။ ခရမ်းချဉ်ပျိုးဘောင်တွင် ရောစပ်ရမည့် ေမြအချိုးနှုန်း မှာ လယ်ေမြနှစ်ဆ ေမြဆွေးတစ်ဆနှုန်း ဖြစ်ပါသည်။ ရေလောင်းခြင်းကို နံနက်ပိုင်းတွင်သာ ဆောင်ရွက်၍ ပိုးမွှားရောဂါအေခြအနေကို စဉ်ဆက်မပြတ် ကြည့်ရှုစစ်ဆေးပေးရန် လိုသည်။
ရာသီလွန်အခါမဲ့ (Off-season) စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ်မျိုးစေ့များကို( ၂.၅’×၁×၅’) အရွယ် ပျိုးသေတ္တာများတွင် အသင့်ရောစပ်ပြီး ေမြဆွေးများထည့်၍ အထက်ဖော်ပြပါ အကွာအဝေးအတိုင်း အတန်းလိုက်တစ်စေ့ခြင်း စီချကာ ပျိုးထောင်ရန် လိုအပ်ပါသည်။
အပင်ပေါက်ပြီး (၁၀-၁၅) ရက်သား ရွက်မှန် (True Leaf) (၂) ရွက်ထွက်ချိန်တွင် (၄) လက်မ ထိပ်ဝအချင်းရှိသော ပလတ်စတစ်အိတ် သို့မဟုတ် ပျိုးခွက်များတွင် ရွေ့ေပြာင်းစိုက်ပျိုးရန် လိုအပ်ပါသည်။ အဆိုပါ ပျိုးခွက်အတွင်းရက် (၂၀-၂၅) ရက်ထားရှိကာ ထာဝရစိုက်ခင်း သို့ ရွေ့ေပြာင်းစိုက်ပျိုးနိုင်ပါသည်။
ပျိုးဘောင်ဖြင့် ပျိုးထောင်ထားပါက ပျိုးလောင်ပေါ်တွင် (၄×၂) ပေ အကွာထား၍ ပျိုးထောင်ပြီး ပျိုးသက် (၃၀-၃၅) ရက်သားတွင် အစိုဓါတ် လုံလောက်သော စိုက်ခင်းအတွင်းသို့ မွန်းလွဲညနေပိုင်းညနေခင်းများတွင် ရွေ့ေပြာင်းစိုက်ပျိုးနိုင်ပါသည်။
မျိုးစေ့နှုန်း
တစ်ဧကမျိုးစေ့ (၁၀၀) ဂရမ်နှုန်း၊ အပင် (၈၀၀၀ မှ ၁၀၀၀၀) အထိဝင်ဆန့်အောင် စိုက်ပျိုးရမည်။
ေမြသြဇာနှုန်းထား
နွားချေး၊ ေမြဆွေး – ၈-၁၀ တန်
ယူရီးယား (၅၀) ကီလို – ၂ အိတ်
တီစူပါ (၅၀) ကီလို – ၂ အိတ်
ပိုတက်ရှိ (၅၀) ကီလို – ၃ အိတ်
နွားချေး၊ တီစူပါနှင့် ပိုတက်ရှိတစ်ဝက်တို့ကို ေမြပြုပြင်ချိန်တွင် ထည့်သွင်း၍ ကျန်ေမြသြဇာများကို အပင်လှန်ချိန်၊ ပန်းစတင်ပွင့်ချိန်၊ ပထမပန်းခိုင်အသီးတင်ချိန်၊ ပထမအကြိမ် အသီးခူးဆွတ်ချိန်နှင့် ဒုတိယအကြိမ် အသီးဆွတ်ချိန်တွင် ထပ်မံထည့်သွင်းရန် လိုအပ်ပါ သည်။
ေမြပြုပြင်နည်း
ေမြအေခြအနေပေါ်မူတည်၍ ထယ် (၂) စပ်မှ (၄) စပ်ထိုပြီး ထွန်ရေးညက်သည်အထိ (၁၆)သွား ထွန်ဝင်ပေးရန်လိုအပ်ပါသည်။ ခရမ်းချဉ်အမြစ်သည် တည့်မတ်စွာ ေမြအနက် (၃) ပေခန့်အထိ ဆင်းနိုင်သည့်အတွက် ထယ်ရေးနက်ရန်လိုအပ်သည်။ မိုးများဒေသတွင် ရေမဝပ်စေရန် ရေနှုတ်ေမြာင်းလုပ်ပေးရသည်။ ထွန်ရေးညက်လျှင် ကြမ်းတုံးရိုက်၍ တစ်တန်းနှင့်တစ်တန်း (၃) ပေ တစ်ပင်နှင့်တစ်ပေ (၂) ပေခြား စိုက်ပျိုးရပါမည်။
စိုက်ပျိုးနည်း
ပျိုးသက် (၃၀ မှ ၃၅) ရက်သား (သို့မဟုတ်) ပျိုးပင်ရွက်မှန်အဆင့် (၆-၈) ရွက်တွင် စိုက်ခင်းသို့ ရွေ့ေပြာင်းစိုက်ပျိုးသည်။ မွန်းလွဲပိုင်း နေပူရှိန်စတင်ကျဆင်းချိန်တွင် ကြိုတင်ရေလောင်းထားသော ပျိုးခင်းမှ ပျိုးပင်ကလေးများကို လက်ထိုးတူရွှင်းဖြင့် အမြစ်မထိခိုက်စေရန် တူးယူပြီး အမြစ်ကို ေပြာင်စင်အောင် ရေဆေးရမည်။ မစိုက်ပျိုးသေးသော ပျိုးပင်ငယ်များကို အရိပ်အောက်တွင် အမြစ်ရေနှစ်ကာ ထားရှိ ရန်လိုပါသည်။
အပင်ပြုစုနည်း
ရွေ့ေပြာင်းစိုက်ပျိုးပြီး (၁၅) ရက်ခန့်အကြာ အပင်လှန်ချိန်တွင် ပထမအကြိမ် ခါးဆွေမြတောင်ေမြာက်ပေး၍ ေမြသြဇာကျွေးရန် လိုအပ်ပါ သည်။ ယင်းအချိန်တွင် မိမိစိုက်ပျိုးသော မျိုးအပေါ်မူတည်၍ တိုင်ထောင်မျိုးဆိုပါက လိုအပ်သော အတက်ဖဲ့ပေးခြင်း၊ တိုင်တောင်တန်းပစ်၊ ကြိုးချည်ပေးခြင်းပြုလုပ်ရမည်။
ခရမ်းချဉ်အတက်ဖဲ့နည်းမှာ ပထမဆုံးထွက်ရှိလာသော ပန်းခိုင်အောက်ရှိ အရွက်ကြားမှ ပြူထွက်လာသော ဘေးတက်အား သီးကိုင်း အဖြစ် မွေးမြူချန်လှပ်ကာ ကျန်အောက်ဖက်ရှိ ဘေးတက်အားလုံးကို ဖဲ့ချွေပေးရန် လိုအပ်ပါသည်။
စိုက်ပျိုးထားရှိသော ခရမ်းချဉ်ပင်အား၊ ခရမ်းချဉ်သီး ဈေးကွက်အေခြအနေအရလည်းကောင်း၊ မျိုးစေ့ထုတ်လုပ်ရန် ရည်ရွယ်ထားရှိမှုအရ လည်းကောင်း၊ အပင်ပုံသွင်းပြုစုနည်းကို ( ၃) မျိုး ခွဲခြားဆောင်ရွက်နိုင်သည်။
(က) ပင်စည်(၃) ကိုင်းထားရှိခြင်း
တစ်ပင်နှင့်တစ်ပင် (၂) ပေခြား စိုက်ပျိုးလျှင် သင့်တော်ပါသည်။ အပင်လှန်ပြီး (၁၅) ရက်သားတွင် မူလပင်စည်မှ ထွက်သော ပန်းခိုင် အောက်မှကပ်လျက်ဘေးတက်အား ဒုတိယပင်စည်(သီးကိုင်း)အဖြစ် မွေးမြူရပါမည်။ ၎င်းအောက်ရှိ ဘေးတက်များအားလုံး ဖဲ့ချွေပစ် ရပါမည်။ ပထမပင်စည်မှ ဖူးပွင့်လာသော ဒုတိယပန်းခိုင်အောက်ရှိ အရွက်ကြားမှ ထွက်လာသော ဘေးတက်မှ ဒုတိယပင်စည် (သီးကိုင်း) မှ ထွက်သော ပထမပန်းခိုင်အောက်မှ ကပ်လျက်တည်ရှိသည့် အရွက်ကြားမှ ထွက်လာသောဘေးတက်(၂) ခုအား သန်စွမ်း ကြီးထွားမှု နှိုင်းယှဉ်လေ့လာကာ ပိုမိုသန်စွမ်းသည့် ဘေးတက်ကို တတိယပင်စည်( သီးကိုင်း) အဖြစ် ဆက်လက် မွေးမြူချန်လှပ်ထား ရှိရပါမည်။
ပင်စည်(၃) ကိုင်းပေါ်တွင် ထွက်ရှိလာသော ဘေးတက်မှန်သမျှ အားလုံးချွေပစ်ခြင်းကို ပုံမန်ဆောင်ရွက်ပေးရန် လိုပါသည်။ ပင်စည် ( သီးကိုင်း) တစ်ခုစီပေါ်တွင် ပန်းခိုင်(၄-၅) ခိုင်စီ ထွက်ရှိပြီးပါက အဆိုပါ သီကိုင်း (၃) ခု စလုံးအား ခေါင်ညွန့်နှိမ်ပေးရမည်။
(ခ) ပင်စည် (၂) ကိုင်း ထားရှိခြင်း
အထက်ဖော်ပြပါ ပင်စည်(၃) ကိုင်းထားရှိသည့် အပင်ပုံသွင်းပြုစုနည်းစနစ်အတိုင်း ဆောင်ရွက်၍ ဒုတိယပင်စည် (သီးကိုင်း)ရရှိပြီးချိန် တွင် ပင်စည်( ၂) ကိုင်းလုံးပေါ်ရှိ ထွက်ပြူလာသမျှသော ဘေးတက်များအားလုံးကို ဖဲ့ချွေပစ်ရန် လိုအပ်ပါသည်။ ကိုင်းဖြတ်ပုံသွင်းနည်း စနစ်သည် သီးနှံဈေးနှုန်း အေးချိန် ကျချိန်များတွင် သီးထွက်နောက်ကျထွက်စေရန် အချိန်ဆွဲ စိုက်ပျိုးနည်းစနစ်ဖြစ်ပါသည်။
(ဂ) ပင်စည်ထီးထီးထားရှိခြင်း
ခရမ်းချဉ်ပျိုးပင်များအား စိုက်ကွက်ထဲ့သို့ ရွေ့ေပြာင်းစိုက်ပျိးပြီး အပင်လှန်ချိန်တွင် စတင်၍ မူလပင်စည်(Main Stem) မှ ထွက်ပြူလာ သော ဘေးတကများအားလုံး ဖဲ့ချွှေပစ်၍ ပင်စည်သီးကိုင်းတစ်ခုတည်းထားရှိ စိုက်ပျိုးသောစနစ်ဖြစ်ပါသည်။ ဤနည်းဖြင့် ခရမ်းချဉ် ပင်တန်း အကွာအဝေးကို (၂-၃) ပေအထိ စိုက်ပျိုနိုင်သည့်အတွက် တစ်ဧကတွင် မူလပင်စည်မှ ထွက်လာသော ပန်းခိုင်များကို သီးလာမည့် ခရမ်းချဉ်သီး အရွယ်အစားကြီးမားခြင်း၊ အရောင်အသွေး ပိုမိုစိုေပြတောက်ပခြင်း စသည့် အကျိုးများစွာ ရရှိနိုင်ပါသည်။
ရေသွင်းနည်း
စိုက်ဘောင်ဖြင့် စိုက်ပျိုးပါက ရေလောင်းစနစ်၊ ရေဖြန်းစနစ်(Sprinkler)၊ အစက်ချစနစ်(Drip irrigation) တို့ကို ဆောင်ရွက်ခြင်းဖြင့် အပင်ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ပါသည်။
ေမြာင်းဖြင့် ရေပေးသွင်း စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ်ပင်များ ရွေ့ေပြာင်းစိုက်ပျိုးခြင်းမပြုမီ ရေသွင်း ေမြာင်းမ နှင့် ေမြာင်းလက်တံများ လိုအပ်သလို ကြိုတင်ပြုပြင်ထားရပါမည်။
မိုးရာသီ စိုက်ပျိုးပါက ဘောင်ဖော်စိုက်ပျိုးရန်နှင့် ရေထုတ်ေမြာင်းများ ကောင်စွာြ့ပုလုပ်ထားပြီး၊ အေခြအနေပေးပါက ပလပ်စတစ်စဖြင့် ဖုံးအုပ်စိုက်ပျိုးရန် လိုအပ်ပါသည်။
ပိုးမွှာရောဂါကာကွယ်ခြင်း
ခရမ်းချဉ်ပျိုးခင်းတွင် အပင်ပေါက်ပြီး (၁၅) ရက်သားတစ်ကြိမ် မရွေ့ေပြာင်းမီ (၂) ရက်ခန့်အလိုတွင် တစ်ကြိမ် ပင်လုံးပြန့် သတ္တိရှိသည့် (Systemic Action) ပိုးသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ်ပေးရန် လိုအပ်ပါသည်။ ၎င်းအချိန်တွင် မှိုသတ်ဆေးများဖြစ်သည့် Deconil, Topsim (၂၀၀ ဂရမ်/ရေ (၄) လီတာ) နှုန်းကို ပိုးသတ်ဆေးနှင့် အတူရောစပ်ပက်ဖျန်းနိုင်ပါသည်။ ပျိုးခင်းတွင် ခါးရိရောဂါ (Damping Off) ကျ ရောက်တတ်သဖြင့် အထက်ပါမှိုသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ်နိုင်ပါသည်။
စိုက်ခင်းတွင် အဓိကကျရောက်သောပိုးများမှာ (Thrip) လှေပိုး White fly နှင့် သီးလုံးဖောက်ပိုးများ ကျရောက်တတ်ပါသည်။ ဒီစစ်ပိုးသတ်ဆေးဖြင့် ကာကွယ်နိုင်ပါသည်။ အဓိက ကျရောက်သည့် ရောဂါမှာ လောင်မည်းရောဂါ (Late Blight) နှင့် (Early) တို့ဖြစ်ပြီး Ridomil, Mangozeb တို့ဖြင့် ကာကွယ်နှိမ်နှင်းနိုင်ပါသည်။
ရိတ်သိမ်းခြင်း
ခရမ်းချဉ်သီးအတွက် အသီးတင်ချိန်မှ ရင်မှည့်ချိန်အထိ သင့်တော်မည့်အဆင့်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ ခရမ်းချဉ်သီးအစိမ်းရောင် မှ အစိမ်းဖျော့ ထိုမှတဆင့် အဖြူရောင်များလာချိန်တွင် ခူးဆွတ်ပါက အဝေးဈေးကွက်သို့ တင်ပို့နိုင်ပြီး၊ လမ်းခရီးတွင် အပျက်အစီး အဆုံးအရှုံး သက်သာမည် ဖြစ်ပါသည်။ ဒေသဝန်းကျင်ဈေးတွင် စာပို့ဆောင်ရောင်းချမည်ဆိုပါက ဝမ်းပြင်အဆင့် အဝါရောင်ေပြာင်းစ အသီးများကို ဆွတ်ခူးရောင်းချနိုင်ပါသည်။ မျိုးစေ့ထုတ်ရန်အတွက်မူ အပင်ပေါ်တွင် ကောင်းစွာရင့်မှည့်သည်အထိ ထားရန် လိုအပ်ပါ သည်။ စနစ်တကျစိုက်ပျိုးပါက ကုန်းေမြတွင် အထွက်နှုန်း (၅၀၀၀-၈၀၀၀) ပိဿာ/တစ်ဧက ထွက်နိုင်ပြီး အင်းလေဒေသတွင် တစ်ဧက လျှင် ပိဿာချိန်(၁၀၀၀၀) ထွက်ရှိနိုင်ပါသည်။
Credit – ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း