၁။ ရေမြေဒေသနှင့် ကိုက်ညီသော မျိုးများမှ ဖလံဖြူကင်းပြီး အရောင်လှပ သည့် အသီးမှ မျိုးစေ့ကို ရွေးချယ်၍ စိုက်ပျိုးပါ။
၂။ မြေကို ထယ်ရေးနက်နက်၊ ညက်ညက်ထွန်ပြီး ရေသွင်းရေ ထုတ်မြောင်း များ စနစ်တကျဖော်၍ ဆောင်ရွက်ပါ။
၃။ တစ်ဧကလျှင် အပင်ပေါက်နှုန်းကောင်းမွန်သည့် မျိုးစေ့ (၁၀၀-၂၀၀) ဂရမ်နှုန်း အသုံးပြု၍ ပျိုးထောင်စိုက်ပျိုးပါ။
၄။ ပင်ကြား၊ တန်းကြား (၂×၂) ပေ (သို့) (၂×၂.၅) ပေ အကွာအဝေးဖြင့် အပင် (၈၀၀၀ မှ ၁၀၀၀၀) ဝင်ဆံ့အောင် လေးကွက်ကြားစနစ်ဖြင့် စိုက်ပျိုးပါ
။
၅။ တစ်ဧကလျှင် နွားချေး (၁၀) တန်၊ ယူရီးယား (၂) အိတ်၊ တီစူပါ (၁) အိတ်၊ ပိုတက် (၁) အိတ်နှုန်း ထည့်သွင်းပေးပါ။ ယူရီးယားကို မြေခံတွင် တစ်ဝက်နှင့် ကျန်တစ်ဝက်ကို ဘောင်တင်ချိန်နှင့် ပန်းပွင့်ချိန်တွင် နှစ်ကြိမ်ခွဲထည့်ပါ။
၆။ ပျိုးသက် (၃၀-၄၅) ရက်သားတွင် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးပါ။ ရွေ့ပြောင်းစိုက်ပြီးတစ်လအကြာတွင်ကြားပေါင်းလိုက်ခြင်း၊ဘောင်တင်ခြင်းနှင့် အပင်ပြုပြင်ခြင်းကို ဆောင်ရွက်ပါ။
၇။ ရွေ့ပြောင်းစိုက်ချိန်တွင် စိုက်ခင်းတွင် အစိုဓာတ်လုံလောက်မှု ရှိစေရန် အထူးဂရုပြုရပါမည်။ အပင်လှန်ချိန် အထိ အစိုဓာတ်မပြတ်စေရန် ပန်းစတင် ပွင့်ချိန်တွင် ရေသွင်းပေးခြင်းလုပ်ငန်းကို အထူးဆောင်ရွက်ပါ။
၈။ ပိုးသတ်ဆေးနှင် မှိုသတ်ဆေးမျာကို ဖော်ပြထားသည့်အတိုင်း ပက်ဖျန်း ကာကွယ်ပေးပါ။
၉။ ငရုတ်ခြောက် အရည်အသွေးကောင်း ရရှိစေရန်အတွက် ပန်းပွင့်ပြီး (၆-၈) ရက်အကြာတွင် ကောင်းစွာ ရင့်မှည့်၍ အနီရောင်သန်းသော ငရုတ်သီးများ ကိုသာ ဆွတ်ခူးပါ။
၁၀။ အရည်အသွေးကောင်းမွန်သော ငရုတ်ခြောက်များ ရရှိစေရန် (၆ဝံ) စင်တီဂရိတ်ရှိသော ရေနွေးတွင် ဘီနိုမိုင်း မှိုသတ်ဆေး (၁း၁၀၀) နှုန်းဖျော်ကာ (၅) မိနစ်စိမ်၍ (၃-၄) ရက် နေလှန်းပါ။
Source by - လယ်/ဆည်