Pest Management
သီးနှံဖျက်ပိုးများအား စီမံခန့် ခွဲခြင်း
(၁)
အပင် ဖျက် ပိုး များ အား စီမံခန့် ခွဲခြင်း
အကြောင်း ဆွေး နွေး တင် ပြရာတွင် အဓိကကျသော ဖျက် ပိုး များ အေကြာင်း နှင့် ဖျက် ပိုး များ ကိုနှိမ်နင်း ရန် အသုံး ပြုသောဆေး များ အကြောင်း ကိုသာအနည်း ငယ် ရှင်း ပြလိုခြင်း ဖြစ် ပါသည် ။ အကျယ် ရှင်း လင်း ရန် မှာသင် တန်း သဘောမျိုး ပို့ ချဆွေးနွေး မှသာပိုပြီး အဆင်ပြေမည် ဖြစ် ပါသဖြင့် အား နည်း ချက် များ ပါရှိနေပါကနား လည် ပေး ပါရန် တောင်း ဆိုသမှုပြုလိုပါသည် ။
ဖျက် ပိုး များ (Pests)
ဖျက် ပိုး ဆိုသည် မှာ လူသား များ အား ထိခိုက် ပျက် စီး စေသော အပင် (သို့ မဟုတ် ) သတ္တဝါကိုဆိုလိုသည် ။ လူသား များ ကိုသာမကလူနှင့် ဆက် စပ် နေသော လုပ် ငန်း ရပ် များ (ဥပမာ-စိုက် ပျိုး ၊ မွေး မြူရေး စသည် ) ကိုထိခိုက် ပျက် စီး စေသောအပင် ၊ သတ္တဝါမှန် သမျှသည် ဖျက် ပိုး များ သာဖြစ် ကြပါသည် ။
စိုက် ပျိုး ထုတ် လုပ် သူအများ စုနှင့် အချို့ သော စိုက် ပျိုး ရေး ပညာရှင် များ သည် ဖျက် ပိုး ဆိုသည့် စကား လုံး အား အင်း ဆက် ဖျက် ပိုး အတွက် သာ ရည် ရွယ် သုံး စွဲနေကြပါသည် ။ သို့ သော် ဖျက် ပိုး ၏ အဓိပ္ပာယ် မှာကွဲလွဲကျယ် ပြန့် ပါသည် ။ အပင် တစ် ပင် သည် အခြား အပင် အတွက် ဖျက် ပိုး ဖြစ် နိုင် သကဲ့ သို့ သတ္တဝါတစ် ကောင် သည် လည်း အခြား သတ္တဝါတစ် ကောင် အတွက် ဖျက် ပိုး ဖြစ် နိုင် ပါသည် ။ ဥပမာ-စပါး ခင်း ထဲတွင် ပေါက် နေသောမြေပဲပင် သည် စပါး အတွက် ပေါင်း ပင် ဖြစ် ၍ မြေပဲခင်း ထဲတွင် ပေါက် နေသော စပါး ပင် သည် မြေပဲအတွက် ပေါင်း ပင် ဖြစ် သည် ။ ထိုပေါင်း ပင် သည် ဖျက် ပိုး (pest) ဖြစ် ပါသည် ။
လူတစ် ယောက် မျိုး စေ့ ကြဲစိုက် သောအခါ ကြက် ၊ ငှက် ၊ တိရိစ္ဆာန် ကဖျက် ဆီး ပါက ထိုကြက် ၊ ငှက် ၊ တိရိစ္ဆာန် သည် လူအတွက် ဖျက် ပိုး (pest) ဖြစ် ပါသည် ။ ငှက် ဖျား ဖြစ် စေသောခြင် ၊ ပလိပ် ရောဂါဖြစ် စေသော သက် ရှိ ရောဂါကူး စက် ပြန့် ပွား စေသောကြွက် များ ပေါင်း မြက် များ ၊ အင်း ဆက် များ မှသည် ခရု၊ ငှက် ယုန် ၊ ရောဂါဖြစ် စေသောမှိုများ ၊ ဘက် တီး ရီး ယား ဗိုင်း ရပ် စ် ၊ နီမတုတ် စသည် အထိဖျက် ပိုး များ စွာ ရှိနေပါသည် ။ ထိုသို့ ကွဲပြား နေသောဖျက် ပိုး များ အလိုက် ကာကွယ် နှိမ် နင်း ရန် ဖန် တီး ပြုလုပ် အသုံး ချသော ပစ္စည်း များ အား ဖျက် ပိုး သတ် ဆေး (pesticide) ဟုခေါ်ဆိုသတ် မှတ် ကြပါသည် ။ တနည်း အား ဖြင့် ဖျက် ပိုး များ အား နှိမ် နင်း ရန် အသုံး ပြုသော မည် သည့် ဓာတုပစ္စည်း ကိုမဆို ဖျက် ပိုး သတ် ဆေး (pesticide) ဟုခေါ်ဆိုနိုင် ပါသည် ။ ထို့ အပြင် အရွက် ကြွေဆေး ၊ အပင် ကြီး ထွား မှုအား လှုံ့ ဆော် ဟန့် တား သော ပစ္စည်း စသည် တို့ ကိုလည်း ဖျက် ပိုး သတ် ဆေး (pesticide) ဟု ခေါ်ဝေါ်ကြပါသည် ။
(၂)
ဖျက် ပိုး အမျိုး အစား အလိုက် အသုံး ပြုသော ဖျက် ပိုး သတ် ဆေး များ ကို အကြမ်း အား ဖြင့် ဖော် ပြအပ် ပါသည် ။
၁။ Insecticide(အင်းဆက်ပိုးသတ် ဆေး )
၂။ Fungicide(မှိုသတ် ဆေး )
၃။ Herbicide(ပေါင်း မြက် သတ် ဆေး )
၄။ Bactericide(ဘက် တီး ရီး ယား သတ် ဆေး )
၅။ Miticide/Acardicide(မွှား ပင့် ကူသတ် ဆေး )
၆။ Nematicide(နီမတုတ် သတ် ဆေး )
၇။ Rodenticide(ကြွက် သတ် ဆေး )
၈။ Molluscicide(ခရုပက် ကျိသတ် ဆေး )
၉။ Piscicide(ငါး သတ် ဆေး )
၁၀။ Avicide(ငှက် သတ် ဆေး )
၁၁။ Algaecide(ရေညှိရေမှော် သတ် ဆေး )
၁၂။ Defoliant(အရွက် ကြွေဆေး )
၁၃။ Desiccant(ပိုး ခြောက် သေဆေး )
၁၄။ Lampricide(လမ် ပရေး ငါး သတ် ဆေး )
၁၅။ Wood Preservative(သစ် သား ပိုး သတ် ဆေး )
၁၆။ Repellent(တွန်း လှန် ကာကွယ် ဆေး )
၁၇။ Insect Growth Regulator
(အင်း ဆက် ကြီး ထွား မှုထိန်း ချုပ် ဆေး ) ၁၈။ Plant Growth Regulator
(အပင် ကြီး ထွား မှုထိန်း ချုပ် ဆေး )
၁၉။ Pheromone(ပိုး မွှား ဆွဲဆောင် မျှား ခေါ်ဆေး )
၂၀။ Disinfectant
(ပိုး သတ် ပိုး သန့် စင် ဆေး )
ထိုသို့ ဖျက် ပိုး အလိုက် ကွဲပြား သောဖျက် ပိုး သတ် ဆေး ဖျက် ပိုး ကာကွယ် နှိမ် နင်း ဆေး များ အပြင် ဆေး ရွက် ကြီး ၊ တမာ၊ ဆေး ဂန္ဓမာ၊ ဟုန်း နွယ် စသည့် ရုက္ခဗေဒပိုး သတ် ဆေး (Botanical Pesticide) များ လည်း ရှိကြပါသည် ။ သဘာဝပိုး သတ် ဆေး (Organic Pesticide) ဟုလည်း ခေါ်ဝေါ်ကြသုံး စွဲကြပါသည် ။
ဖျက် ပိုး များ (Pests) နှင့် ဖျက် ပိုး သတ် ဆေး များ (Pesticides) အေကြာင်း သည် ပညာရပ် ဆိုင် ရာအရလည်း ကောင်း လက် တွေ့ အသုံး ချမှုဆိုင် ရာအရလည်း ကောင်း လေ့ လာဆွေး နွေးရန် နယ် ပယ် ကျယ် ဝန်း လှပါသည် ။ ယခုတင် ပြထား သော ဖျက် ပိုး အမျိုး အစား အလိုက် ဖျက် ပိုး သတ် ဆေး များ ထဲမှပထမဖြစ် သော စိုက် ပျိုး ထုတ် လုပ် သူအများ စုသိရှိပြီး ဖြစ် သော အင်း ဆက် နှင့် အင်း ဆက် ပိုး သတ် ဆေး များ ကို ဥပမာအနေဖြင့် တင် ပြဆွေးနွေးလိုပါသည် ။ ယခုတင် ပြဆွေးနွေးမှုကိုလေ့ လာပြီး အမျိုး နှစ် ဆယ် ကျော် ၏ နယ် ပယ် ကျယ် ပြန့် မှုကို စဉ်း စား သုံး သပ် စေလိုပါသည် ။
(၃)
အင်း ဆက် (Insect)
အင်း ဆက် တစ် ကောင် တွင် ခန္ဓာကိုယ် အပိုင်း (၃) ပိုင်း ပါရှိပါသည် ။
၁။ ဦး ခေါင်း ပိုင်း (Head)
၂။ ရင် အုပ် ပိုင်း (Thorax)
၃။ ဝမ်း ဗိုက် ပိုင်း (Abdomen) ဟူ၍ဖြစ် ပါသည် ။
အာရုံခံဦး မှင် တစ် စုံ(One pair antenna) ပါရှိပါသည် ။ ခြေထောက် (၆) ချောင်း ပါရှိပါသည် ။အတောင် ပံတစ် စုံ(သို့ ) နှစ် စုံပါရှိပါသည် ။ (အတောင် မဲ့ အင်း ဆက် များ လည်း ရှိပါသည် ။ ) အင်း ဆက် များ သည် မျိုး ပေါင်း စု(Phyllum), Arthropoda အတွင်း ရှိ မျိုးစဉ် (Order) Insecta တွင် ပါဝင် သော သက် ရှိပိုး ကောင် များ ဖြစ် သည် ။
အင်း ဆက် မျိုး စဉ် အုပ် စု (၂၉) ခုရှိပါသည် ။ အင်း ဆက် မဟုတ် သောအခြားခြေ (၆) ချောင်း ပါ အုပ် စု(၃) ခုပေါင်း လျှင် စုစုပေါင်း မျိုး စဉ် (၃၂) ခုရှိပါသည် ။၎င်းတို့ မှာ
၁။ Protura
၂။ Collemboia
၃။ Diplura
၄။ Archaeognatha
၅။ Thysanura
၆။ Ephemeroptera
၇။ Odonata
၈။ Orthoptera
၉။ Phasmatodea
၁၀။ Grylloblattodea
၁၁။ Dermaptera
၁၂။ Isoptera
၁၃။ Blattodea/Blattaria
၁၄။ Mantodea
၁၅။ Zoraptera
၁၆။ Plecoptera
၁၇။ Embiidina/Embioptera
၁၈။ Thysanoptera
၁၉။ Hemiptera
၂၀။ Psocoptera
၂၁။ Phthiraptera
၂၂။ Coleoptera
၂၃။ Neuroptera
၂၄။ Megaloptera
၂၅။ Raphidioptera
၂၆။ Hymenoptera
၂၇။ Trichoptera
၂၈။ Lepidoptera
၂၉။ Mecoptera
၃၀။ Siphonaptera
၃၁။ Diptera
၃၂။ Strepsiptera-တို့ ဖြစ် ကြပါသည် ။
ဤအင်း ဆက် မျိုး စဉ် များ ထဲမှစိုက် ပျိုး ထုတ် လုပ် သူ အများ စုရင်းနှီးသောအင်း ဆက် မျိုး စဉ် များ မှာ
၁။လိပ် ပြာဖလံအုပ်စု(Lepidoptera)
၂။ကျိုင်း အုပ် စု(Coleoptera)
၃။ ဂျပိုး အုပ် စု(Hemiptera)
၄။ လှေး အုပ် စု(Thysanoptera)
၅။ ယင် ကောင် အုပ် စု(Diptera)
၆။ ခြအုပ် စု(Isoptera)
၇။ နှံကောင် အုပ် စု(Orthoptera)
၈။ ပျား ၊ နဂျီ၊ ပုရွက်ဆိတ် အုပ်စု(Hymenoptera)
၉။ သန်း (ကြက် ၊ ခွေး ) အုပ် စု(Siphonaptera) နှင့်
၁၀။ ပုစဉ်း အုပ် စု(Odonata) စသည် တို့ ဖြစ် ကြပါသည် ။
(၄)
တဖန် အင်း ဆက် များ တွင် မတူညီသောဘဝစက် ဝန်း ရှိကြပါသည် ။၎င်းတို့မှာ
ပြည့် စုံသောဘဝစက် ဝန်း နှင့် မပြည့် စုံသော ဘဝစက် ဝန်း ဟူ၍ဖြစ် ပါသည် ။ ဘဝစက် ဝန်း ကို စိုက် ပျိုး ရေး ပညာရှင် များ နှင့် အချို့ သော စိုက် ပျိုး ထုတ် လုပ် သူများ သိရှိကြသော် လည်း အများ စုမသိရှိစိတ် မဝင် စား ကြပါ။ ဘဝစက် ဝန်း ကိုသိရှိထား ခြင်း သည် လည်း ပိုး ကာကွယ် နှိမ် နင်း မှုကိုအထောက် အကူပြုပါသည် ။
တဖန် ဖျက် ပိုး များ ၏ နေထိုင် စား သောက် မှု ဖျက် ဆီး ပုံလက္ခဏာများ ၊ ရာသီဥတုနှင့် ဆက် နွယ် မှု အင်း ဆက် ဖျက် ပိုး များ ကြိုက် နှစ် သက် သည့် ဝန်း ကျင်အခြေအနေ၊ ရွေး ချယ် ရမည့် အင်း ဆက် သတ် ဆေး အမျိုး အစား ၊ နှုန်း ထား စသည် တို့ ကိုလည်း သိရှိစီမံခန့် ခွဲဖို့ ရာလိုအပ် ချက် များ ရှိနေပါသည် ။
အင်း ဆက် ဖျက် ပိုး တစ် ခုတည်း သာမက အခြား မှိုရောဂါများ ၊ ပေါင်း မြက် ၊ ဘက် တီး ရီး ယား ၊နီမတုတ် စသည် တို့ ကိုလည်း နယ် ပယ် ကျယ် သည့် နှင့် အမျှ လေ့ လာအသုံး ချမှုဆိုင် ရာအား သာ၊ အားနည်း ချက် များ ရှိနေမည် ဖြစ် သည် ။ ပြဿနာတစ် ခုအတွက် အဖြေတစ် ခုတည်း ဖြင့် လုံလောက် သောအခြေအနေသည် စိုက်ပျိုးရေး လောကတွင်အလွန် ခဲယဉ်း သောကိစ္စဖြစ် ပါသည် ။ထို့ ကြောင့် ဘက် ပေါင်း စုံမှရှုမြင် သုံးသပ်၍ အကောင်း ဆုံး ရလဒ် ဖြစ် အောင် စိုက် ပျိုး ရေး ပညာရှင် များ ၊ စိုက် ပျိုး ထုတ် လုပ် သူများ စုပေါင်း တည် ဆောက် ဆွေးနွေး အကြံယူ ကျင့် ဆောင် ရပါမည် ။
ရေရှည် တိုး တက် ကောင်း မွန် အောင် ကြိုး ပမ်း အား ထုတ် ရပါမည် ။ ဖျက် ပိုး များ အေကြာင်း နယ် ပယ် ကျယ် ဝန်း သကဲ့ သို့ ဖျက် ပိုး သတ် ဆေး များ သည် လည်း လေ့ လာ၍လက် တွေ့ အသုံး ချရန် နယ် ပယ် ကျယ် ဝန် း နေပြန် ပါသည် ။
(၅)
အင်း ဆက် အကြောင်းနှင့် ဆက် စပ် ၍ အင်း ဆက် ပိုး သတ် ဆေး များ အေကြာင်း အကြမ်း အား ဖြင့် ဆက် လက် ဆွေးနွေး လိုပါသည် ။ ပိုး သတ် ဆေး များ တွင် လည်း သက် ဆိုင် ရာအလိုက် အုပ် စုများ ခွဲခြား ထား ပါသည် ။
၁။ ကလိုရင်း ပါသောပိုး သတ် ဆေး (Organochlorine Insecticide)
၂။ ဖော့ စဖရပ် ပါသောပိုး သတ် ဆေး (Organophosphorous Insecticide)
၃။ ကာဗာမိတ် ဆေး များ (Carbamate) ၄။ ဆေး ဂန္ဓမာပိုး သတ် ဆေး (Synthetic Pyrethroid)
၅။ အဆိပ် ငွေ့ မှိုင်း တိုက် ဆေး များ (Fumigant)
၆။ ပဋိဇီဝဆေး များ (Antibiotic)
၇။ နိုက် ထရိုဂွာနီဒင်း ဆေး များ (Nitroguanidine)
၈။ သိုင် အိုကာဗာမိတ် ဆေး များ (Thiocarbamate) စသည် တို့ အပြင် သဘာဝပိုး သတ် ဆေး များ လည်း ရှိကြပါသည် ။ အုပ် စုအလိုက် ဆေး များ ထပ် မံကွဲပြား ပြီး အင်း ဆက် ပိုး သတ် ဆေး အများ အပြား ရှိပါသည် ။
ထိုကဲ့ သိုဆေး အုပ် စုများ အပြင် အခြေခံသိထား သင့် သော အချက် များမှာအဆိပ် အာနိသင် ရှိသောပစ္စည်း (active ingredient) ၊ ပါဝင် မှုရာခိုင် နှုန်း ၊ အရောပစ္စည်း ၊ ဖော် စပ် မှုပုံစံ၊ နှုန်း ထား ၊ အဆိပ် သင့် မှုပုံစံ ၊မရိတ်သိမ်း မှီဆေး ဖြန်း ခြင်း ရှောင် ကျဉ် ရမည့် ကာလ (သို့ မဟုတ် ) ဆေးဖြန်းပြီးရိတ် သိမ်း နိုင် သောကာလ (PHI-Pre Harvest Interval) ၊ အန္တရာယ် ကင်း စွာ သုံး စွဲရမည့် စနစ် များ စသည် တို့ ဖြစ် ပါသည် ။
အဆိပ် အာနိသင် ရှိပစ္စည်း (a.i) အကြောင်း နမူနာတင် ပြရှင်း လင်း ချင် ပါသည် ။ စိုက် ပျိုး ထုတ် လုပ် သူအများ စုအသုံး ပြုသော ဆေး ဂန္ဓမာ (Synthetic Pyrethroid) အုပ် စုဝင် ဆိုက် ပါမီသရင် -၁၀ အီး စီအား ဥပမာပေး လိုပါသည် ။ ဆိုက် ပါမီသရင် ၁၀အီး စီ (cypermethrin 10EC) အလေးချိန် အချိုး ထုထည် (W/V=Weight by volume) တွင် အဆိပ် ရှိပစ္စည်း (a.i) ပါဝင် မှုရာခိုင် နှုန်း မှာ ၁၀-ဖြစ် ပါသည် ။
ထို့ ကြောင့် ပိုးသတ်ဆေး တစ် လီတာပုလင်း (၁၀၀၀ စီစီ) တွင် အဆိပ် ရှိပစ္စည်း -(၁၀၀ ) စီစီပါရှိပါသည် ။ ကျန် (၉၀၀ ) စီစီမှာအရော
ပစ္စည်း ဖြစ် ပါသည် ။ ထို့ အတူ ဆေး ရည် (၁၀၀ ) စီစီတွင်ပါဝင်သော အဆိပ် ရှိပစ္စည် မှာ (၁၀) စီစီရှိ၍ ဆေး တစ် ဇွန်း (၁၀) စီစီတွင် အဆိပ် ရှိပစ္စည်း ပါဝင် မှုမှာ (၁) စီစီသာဖြစ် ပါသည် ။ ရည် ရွယ် လိုသောအကြောင်း အရာမှာ ရေ (၅) ဂါလံဆေး ဖြန်း ပုံး တစ် ပုံးလျှင် ဆိုက် ပါမီသရင် (၁၀ ) အီး စီ(၅) ဇွန်း ထည့် ၍ သီး နှံဖျက် ပိုး များ ကိုဖြန်း သောအခါ အဆိပ် ရှိပစ္စည်း ငါး ဇွန်း (၅၀) စီစီဖြန်း ခြင်း မဟုတ် ဘဲ (၅) စီစီ၊ ဇွန်း ဝက် ပမာဏခန့် သာဖြန်း သည် ဖြစ်ကြောင်း သိရှိစေလိုခြင်း ဖြစ် ပါသည် ။
ထို့ အပြင် ထပ် မံသိရှိရန် လိုအပ် သောအချက် တစ် ချက် မှာ သ/န ၅၀ အကြောင်း ဖြစ် ပါသည် ။ သ/န ၅၀=သေနှုန်း ၅၀ရာခိုင် နှုန်း (LD50=50%Lethal Dose) သည် ယူနစ် ဖော်ပြချက် တစ် ခုဖြစ် ပါသည် ။ ပိုး သတ် ဆေး များ သည် တစ် မျိုး နှင့် တစ် မျိုး သ/န၅၀(LD 50) မတူညီကြပါ။ သ/န ၅၀(LD 50) ကို မီလီဂရမ် အချိုး ကီလိုဂရမ် (mg/kg) သန်း ခိုင် နှုန်း ဖြင့် ဖော် ပြကြပါသည် ။ အစမ်း သပ် ခံတိရိ စ္ဆာန် များ (၅၀ )ရာခိုင် နှုန်း သေရန် လိုအပ် သောအဆိပ် ပမာဏကိုဖော် ပြခြင်း ဖြစ် သည် ။ ဆိုလိုသည် မှာကြွက် အကောင် (၁၀၀ )စမ်း သပ်လျှင် (၅၀ ) ကိုသေစေနိုင် သောအဆိပ် ပမာဏ၊ ကြွက် အကောင် (၅၀)ကိုစမ်း လျှင် (၂၅) ကောင် သေစေနိုင် သောအဆိပ် ပမာဏဖြစ်ပါသည် ။ အကောင် ၏ အလေး ချိန် ကိုကီလိုဂရမ် ၊ အဆိပ် ပမာဏကိုမီလီဂရမ် ဖြင့် သတ် မှတ် ဖော် ပြသည် ။ စိုက် ပျိုး ထုတ် လုပ် သူများ အနေဖြင့် အဆိပ် ရှိပစ္စည်း (a.i) နှင့် ပါဝင် မှုရာခိုင် နှုန်း ကိုအလွယ် တကူသိနိုင် သော် လည်း သ/န၅၀(LD 50) ကိုသိရှိရန် အခက် အခဲရှိပါသည် ။
သ/န ၅၀(LD 50) နှင့် ပက် သက် ၍ စဉ်း စား မေး မြန်း ချင် သောစိုက် ပျိုး ထုတ် လုပ် သူများ ၏ စကား တစ် ခွန်း ရှိလာနိုင် ပါသည် ။ ဘာေကြာင့် (၁၀၀%)သေအောင် မစမ်း သပ် တာလဲ ဘာကြောင့် (၁၀၀%) လုံး သေမယ့် အဆိပ် ပမာဏကို မဖော် ပြတာလဲဟူသောမေး ခွန်း ဖြစ် ပါသည် ။ ပိုးသတ် ဆေး များ သည် ဖျက် ပိုး များ သာမက မိတ် ဆွေပိုး များ ၊ လူ၊ တိရိစ္ဆာန် ၊ သဘာဝပတ် ဝန်း ကျင် အစရှိသည် ကိုလည်း ထိခိုက် နိုင် ပါသည် ။ လက်ရှိတွင် စိုက်ပျိုးသူအများစု လွဲမှားနေသော အယူအဆမှာ ပိုး သတ် ဆေး အသုံး ပြုခြင်းဖြင့် ပိုး အား လုံး သေစေမည်ဟူ၍ ထင်မှတ်နေခြင်းဖြစ်သည်။ ဖြစ် လည်း မဖြစ် သင့် ပါ။ စီး ပွား ရေး အကျိုး အမြတ် မထိခိုက် အောင် ကာကွယ် တား ဆီး နှိမ် နင်း ခြင်း သာဖြစ် သင့် ပါသည် ။ (LD 50) ကို (LD 100) ဖြစ် စရာမလိုပါ။ လိုအပ် ပါကနှုန်း ထား မြှင့် ဖျန်း ရုံဖြင့် ရနိုင် ပါသည် ။
အင်း ဆက် ပိုး သတ် ဆေး များ တွင် ဖြန်း ရမည့် နှုန်း ထား များ ပါရှိပါသည် ။ စနစ် တကျသုံး စွဲရပါမည် ။ ဆေး ဖြန်း ကိရိယာများ ကောင်း မွန် ပါမည် ။ ဖျက် ပိုး ကျရောက် မှု ဆိုး ရွား ခြင်း များ ၏ အခြေခံ အကြောင်း များ တွင် ဆေး သုံး စွဲမှု စနစ် မကျခြင်း သည် လည်း တစ် ခုအပါအဝင် ဖြစ် သည် ။ ပိုး သတ် ဆေး အဆိပ် သင့် ခြင်း ၊အသက် အန္တရာယ် ထိခိုက် နိုင် ခြင်း ၊ဂေဟစနစ် ကို ထိခိုက် ခြင်း စသည့် ဆိုး ကျိုး များ ရှိနေသည့် အတွက် မျှခြေသဘောမျိုး ဖြစ် ရန် လူသား များ အတွက် ကာကွယ် ကုသမှု အခွင့် အလမ်း ရရန် (LD 50) ကို (LD 100) သို့ ပြောင်းလဲရန် မလိုအပ်ပါ။ ရာနှုန်းပြည့် သေစေခြင်းမျိုး မ့ဖြစ်နိုင်ပါ။
(၆)
အင်း ဆက် ပိုး သတ် ဆေး များ ကို အရည် ၊ အခဲ၊ အမှုန့် ထုပ် ပိုး မှုပုံစံများ အရ အဆိပ် ရှိပစ္စည်း (a.i %) ကို w/w=weight by weight (အလေး ချိန် အချိုး အလေး ချိန် ) နှင့် w/v=weight by volume (အလေး ချိန် အချိုး ထုထည် ) g/l=gram per liter (ဂရမ် အချိုး လီတာ) g/kg=gram per kilogram (ဂရမ် အချိုး ကီလိုဂရမ် ) အစရှိသဖြင့် ဖော် ပြကြပါသည် ။
ဖော် စပ် ထုတ် လုပ် မှုပုံစံများ မှာ DP=Dustable Powder
WP=Wettable Powder EC=Emulsifiable Concentrate SL=Soluble Concentrate GR=Granular Formulation Aerosols Formulation Baits Formulation WG=Water Dispersible Granules SC=Suspension Concentrate CE=Concentrated Emulsion ME=Microemulsion
CR=Controlled Release Formulation SE=Suspo-emulsion Formulation WT=Tablet Formulation Multiple Emulsion Formulation ,Gel, Bait အစရှိသဖြင့် အမျိုး မျိုး ကွဲပြား နိုင် ပါသည် ။ တစ် ဧကဖြန်း ရမည့် နှုန်း ထား၊ ဆေး တစ် ပုံး ၊ ရေတစ် ဂါလံနှုန်း ထား အဆိပ် သင့် မှုအာနိသင် ပုံစံစသည် တို့ သည် လည်း ဆေး အမျိုး အစား လိုက် ကွဲပြား ပါသည် ။ စနစ် တကျလေ့ လာအသုံး ပြုသင့်ပါသည် ။
ဆွေးနွေး တင် ပြထား သည် များ ကို အနှစ် ချုပ် ပြန် သုံး သပ် လျှင် ဖျက် ပိုး အလိုက် ဖျက် ပိုး သတ် ဆေး များ ရှိပါသည် ။
ကနဦး တင် ပြထား သောအချက် (၂၀) ထဲမှ အင်း ဆက် နှင့် ပိုး သတ် ဆေး များ အကြောင်းတစ် ခုတည်း ကို နမူနာလေ့ လာဆွေးနွေး ကြည့် သောအခါ နယ် ကျယ် ပြီး အသေး စိတ် သိရှိရန် ခက် ခဲအား နည်း နိုင်ကြောင်း တွေ့ ရှိရပါသည် ။ တဖန် ပေါင်း မြက် များ တွင် လည်း ပေါင်း အုပ် စုအမျိုး မျိုး ပေါင်း သတ် ဆေး များ ၊ အသုံး ပြုပုံနည်း စနစ် များ စသည် ဖြင့် များ စွာလေ့ လာသိရှိရန် လိုအပ် နေကြပါသည် ။ မှိုရောဂါ၊ ဘက် တီး ရီး ယား ရောဂါ၊ နီမတုတ် များ အကြောင်း ဆက် လက် မျှဝေဆွေးနွေး လေ့ လာ ကြရပါမည် ။
အပင် ဟော် မုန်း များ ၊ ကြွက် အန္တရာယ် နောက် ဖွံ့ ဖြိုး လာသည် နှင့် အမျှ အသုံး ပြုသင့် သော IGRများ ၊ အခြား Pheromone များ စသဖြင့် စိုက် ပျိုး ရေး ပညာရှင် များ ၊ စိုက် ပျိုး ထုတ် လုပ် သူများ သည် အပြုသဘောဆောင် ၍ အကျိုး ဖြစ် ထွန်း စေနိုင် သောစနစ် ၊ နည်း ပညာများ ကိုကြိုး စား ဖော် ဆောင် လုပ် ကိုင် သွား ရမည် ဖြစ်ပါသည် ။
အညမည သဘောဆောင် ၍ သဟဇာတဖြစ် အောင် ပြုမူကျင့် ကြံရင်း စိုက် ပျိုး ရေး အခြေခံ လူမှုစီး ပွား ရေး ကို ထူထောင် ရပါမည် ။ နည်း ပညာအား နည်း မှု၊ ဈေး ကွက် အခက် အခဲ ၊စီမံခန့် ခွဲမှုစနစ် မရှိခြင်း ၊ ရာသီဥတု၊ ကြွေးမြီအခက် အခဲများ စသည့် လုပ် ငန်း ဆိုင် ရာ အား နည်း ချက် များကြောင့်စိုက် ပျိုး ထုတ် လုပ် သူများ မှာလည်း အေခြမလှ ဖြစ် နေရသည် ။ ထိုအခက် အခဲအား နည်း ချက် များ ကို ကျော် လွှား ဖြတ် သန်း ပြီး တိုး တက် အောင် မြင် မှုရစေရန် စိုက် ပျိုး ထုတ် လုပ် သူများ ၊ စိုက် ပျိုး ရေး ပညာရှင် များ အစိုး ရနှင့် အစိုး ရမဟုတ် သော အဖွဲ့ အစည်း များ ကုမ္ပဏီများ ၊ တစ် သီး ပုဂ္ဂလပံ့ ပိုး မှုများ စသည့် ဘက် ပေါင်း စုံ၏ ကူညီဝိုင်း ဝန်း မျှဝေပေး မှု လိုအပ် ပါသည် ။ ဆိုင် ရာဆိုင် ရာ လုပ် ငန်း တာဝန် များ ကိုကြိုး စား လုပ် ဆောင် ရင်း စိုက် ပျိုး ရေး အနာဂတ် လမ်းကြောင်း သစ် ကို ဖော် ဆောင် သင့် ပါကြောင်း အပင် ဖျက် ပိုး များ အား စီမံခန့် ခွဲခြင်း နှင့် ဆက် စပ် တွေး ဆအကျိုး ဖြစ် စေရန် တိုက် တွန်း အကြံပြုရင်းနိဂုံးချုပ် အပ်ပါသည် ခင် ဗျာ။
Credit by Swenyein