လတ်တလော စိုက်ပျိုးရေးဦးစီးဌာနရဲ့ တွေ့ရှိချက်မှာ သံတွဲ၊ ခန္တီး၊ ကောလင်း၊ မကွေးကြာကန်အုပ်စု ကျူချောင်းရွာမှာ တွေ့ရတဲ့ ကျိုင်းကောင်ဟာ ဒေသတွင်းမျိုးစိတ်သာ ဖြစ်တဲ့အတွက် အန္တရာယ် မရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ တားဆီးကာကွယ်မှုတော့ ဆောင်ရွက်ထားရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သဘာဝဟာ အုပ်စုလိုက် သွားလာနေထိုင်၍ သစ်ပင်သီးနှံမျိုးစုံကို ဧကသိန်းသန်းချီပြီး စားသောက်ဖျက်ဆီးလေ့ ရှိပါတယ်။
ကန္တာရကျိုင်းကောင်အမသည် သက်တမ်းတလျှောက် ဥပေါင်း(၃၀၀)ကျော်ထိ မြေကြီးထဲ ဥနိုင်ပါတယ်။ ၂၁ရက်ကြာရင် အကောင်ကြီး ဖြစ်လာပါတယ်။ အရွယ်ရောက်ကောင်ဟာ အညိုရောင်ရှိပြီး အစာဝလင်လို့ ကြီးထွားလာရင်တော့ အဝါ/ပန်းရောင် ပြောင်းသွားတယ်။ သက်တမ်းမှာ ၂-၆လထိကြာပါတယ်။ အုပ်စုတစ်ခုမှာ အကောင်ရေသန်းချီ ပါဝင်နိုင်ပြီး အုပ်စုလိုက်ဆို စားသောက်ဖျက်ဆီးမှု ပိုမိုပြင်းထန်တာတွေ့ရတယ်။ သန်း ၄၀ပါတဲ့ အုပ်စုဟာ တစ်ရက်အတွင်း လူ ၃၅,၀၀၀ စားသောက်နိုင်တဲ့ အစာပမာဏကို ဖျက်ဆီးနိုင်တာ တွေ့ရတယ်။ ယခု ကျိုင်းကောင် ကျရောက်ခံရတဲ့ နိုင်ငံတွေမှာဆိုရင် ကိုဗစ်ကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှု လျော့ကျနေရတဲ့အချိန် ကန္တာရကျိုင်းကြောင့် ရိက္ခာပျက်စီးမှုအတိနဲ့ “ဗူးလေးရာ ဖရုံဆင့်” ခံစားနေရပါတယ်။
အိန္ဒိယမှာ ဒီဇင်ဘာနဲ့ဖေဖော်ဝါရီလအတွင်း ရာဂျာစတန်နဲ့ ဂူဂျာရတ်မှာ သီးနှံအတော်များများ ဖျက်ဆီးခံလိုက်ရတယ်။ ဧပြီလတွင် ပါကစ္စတန်မှ ဝင်ရောက်ပြီး အိန္ဒိယ ဂန်ဂါနာဂါခရိုင်သို့ ဝင်ရောက်ပြီး ဝါသီးနှံများကို ဖျက်ဆီးခံရပါတယ်။ ယခုအခါ အခြားပြည်နယ်တွေကို ပျံ့နှံ့ကာ ဂျိုင်ပါခရိုင်သို့ ဖြတ်ကျော်နေပြီ ဆိုပါတယ်။ ယခုအခါ အိန္ဒိယ အနောက်ပိုင်းကနေ မြောက်ပိုင်း ဟာယာနာ၊ ဥတ္တရအထိ ရွေ့လျားနေပြီ ဆိုပါတယ်။
ကန္တာရကျိုင်းကောင်ဟာ ဒေသတွင်းမျိုးစိတ်နဲ့ ကွာခြားမှုရှိပါတယ်။ အတောင်မှာ အစက်အပြောက်ရှိခြင်း၊ အမွှေးအမျှင်ရှည်ခြင်း၊ ပျံသန်းနှုန်းမြန်ဆန်ခြင်းစတဲ့ ထူးခြားမှုရှိတယ်။ လေနဲ့အတူ ပျံသန်းနိုင်ပြီး တရက်မှာ ၁၅၀ ကီလိုမီတာထိ ပျံသန်းနိုင်တယ်။ အအေးပိုင်းမှလွဲ၍ အခြားဒေသများဆီ အချိန်မရွေး ရောက်လာနိုင်တယ်လို့ ပညာရှင်များက ခန့်မှန်းကြတယ်။
မြန်မာနိုင်ငံတွင်းသို့ ကန္တာရကျိုင်းကောင် ဝင်ရောက်မလာသေးသော်လည်း ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ တောင်သူဦးကြီး အများပြည်သူများကို ကန္တာရကျိုင်းကောင် ပုံစံနမူနာကားချပ်များဖြင့် ပြသ၍ ရင်းနှီးအောင် ပညာပေးထားရန် လိုပါတယ်။ ကျိုင်းကောင် သဘာဝ၊ ပေါက်ပွားပုံ၊ ကျင်လည်ကျက်စား ဖျက်ဆီးပုံ၊ လှုပ်ရှားပုံများကို ပညာပေးစာစောင်များဖြင့် ဖြန့်ဝေပေးထားရန် လိုပါတယ်။ ကန္တာရကျိုင်းကောင် စတွေ့ပြီဆိုတာနဲ့ နည်းပညာအရ လက်ဦးမှု ရရှိအောင် ဘာလုပ်ရမည်ဆိုတာကို ရှင်းရှင်းလင်းလင်း သိနေအောင် သင်တန်းများပေးထားရန် လိုအပ်ပါတယ်။ သတိပေးပိုစတာများ စိုက်ထူခြင်း၊ နှိုးဆော် သတိပေးခြင်းများဖြင့် တပ်လှန့်ထားဖို့လိုပါတယ်။
ကန္တာရကျိုင်းကောင်ဟာ အကောင်သန်းနဲ့ချီ၍ အုပ်စုလိုက်နေတတ်တဲ့အတွက် ရုတ်တရက်ဆိုရင် ကာကွယ်နှိမ်နှင်းရ အလွန်ခက်ခဲပါတယ်။ အကောင်အရေအတွက်နည်းနေဆဲ အုပ်စုဖွဲ့ ကြီးထွားလာသည်ထိ မရောက်မီ အမြစ်ပြတ်နှိမ်နှင်းဖို့ စီမံရန်လိုအပ်ပါတယ်။ အကောင်အရေအတွက်နည်းတုံးမှာ ဇီဝပိုးသတ်ဆေးသုံးနှိမ်နှင်းခြင်း၊ ဘဲလွှတ်ကြောင်းနှိမ်နှင်းခြင်း၊ မြေကြီးထဲမှ ဥများကို ထယ်နက်နက်ထိုး၍ တူးဖော်ဖျက်ဆီးခြင်း၊ လက်ဖြင့် လိုက်ကောက်ခြင်းများ၊ မီးကွင်းမီးတုတ်ပစ်ခြင်း၊ ခြောက်လှန့်ခြင်း၊ လက်ဖြင့်လိုက်ကောက်ခြင်းများ စီမံသင့်ပါတယ်။
ကန္တာရကျိုင်းကောင်များဟာ လေနှင့်အတူ တစ်နေရာမှ တစ်နေရာသို့ မိုင်ပေါင်းများစွာ ကူးစက်ပျံသန်းနိုင်ကြတဲ့အတွက် လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသီးထန်စွာ ရွာသွန်းခြင်း အခြေအနေများပေးလျှင် ပါလာနိုင်တဲ့အတွက် မိုးလေဝသ သတင်းများကို ချိန်ခါမပြတ် သတင်းထောက်လှန်း နားဆင်၍ စူးစမ်းလေ့လာနေရန် လိုအပ်ပါတယ်။
သို့ပါ၍ပေါက်ပွားမှုမြန်ဆန် ဖျက်ဆီးမှုပြင်းထန်တဲ့ ကန္တာရကျိုင်းကောင်များ ဘေးရန်ကို အစီအမံများဖြင့် လက်ဦးမှုရအောင် ဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။
Credit - အောင်ဆန်း (စိုက်ပျိုးရေး)
အထွေထွေကဏ္ဍ
ပေါက်ပွားမှုမြန်ဆန် ဖျက်ဆီးမှုပြင်းထန် ကန္တာရကျိုင်းကောင်ဘေးရန် သတိပြုကာကွယ်ရန်
- 09/07/2020
ယခုတလော ထိပ်ထိပ်ပြာပြာ ဖြစ်လာတာကတော့ ကန္တာရကျိုင်းကောင်ဆိုတဲ့ သီးနှံဖျက်ပိုးတစ်မျိုးဘဲ ဖြစ်ပါတယ်။ ကန္တာရကျိုင်းကောင်ဟာ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသများသို့ ခြေဆန့်ခဲ့ပါတယ်။ ကင်ညာ၊ အီရန်၊ ပါကစ္စတန်သို့ ကျုးကျော်လာပြီး အိန္ဒိယထိ ခြေချလာခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယနဲ့ကပ်လျက် ဘင်္ဂလားဒေ့ရှ် အနောက်ဘက်ခြမ်းထိ ခြေကုတ်ယူနေတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ လက်တကမ်းမှာရှိတဲ့ နယ်စပ်က မြန်မာပြည်ရဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အနောက်ဘက်ခြမ်းတွေမှာ အချိန်တိုအတွင်း ကန္တာရကျိုင်းကောင်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ အခြေအနေရှိတဲ့အတွက် အထူးသတိပြုရန် လိုအပ်ပါတယ်။