သတ်မှတ်ချက် - အရည်
ပါဝင်သောပစ္စည်း - Lambda-cyhalothrin -2.5%min (လန်ဓ်ဒါဆိုင်တေလိုသရစ်)
ထုပ်ပိုးပုံ - ၅၀၀စီစီ
လိုင်စင်အမှတ် - F2016 - 1174
အသုံးပြုမှုနှုန်းထား - ရေ ၂၀လီတာ (၄-၅ ဂါလံ)ဆန့်တဲ့ ဆေးဖျန်းပုံးမှာ ရန်ပိုင် ထမင်းစားဇွန်း (၁)ဇွန်းမှ (၂)ဇွန်း (၁၀ စီစီမှ ၂၀စီစီ)ထိ ရေနဲ့ အတူရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ သီးနှံတစ်ရာသီတွင် (၃) ကြိမ်ထက်ပိုမဖျန်းရပါ။ ဆေးဖျန်းခြားရက် (၁၅)ရက် ၊ ဆေးဖျန်းပြီး စိုက်ခင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ချိန် (၂၄)နာရီ
ကုန်ပစ္စည်းအသေးစိတ်
ရန်ပိုင်(ထိသေ၊ စားသေ အာနိသင်ရှိ )အား စပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ ပဲမျိုးစုံစိုက်ခင်းများ၊ ပြောင်း၊ ဝါ စတဲ့စိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးတတ်သည့် ငမြှောင်တောင် ၊ စိန်ကွက်ဖလံ၊ ပျ၊ ရွက်လိပ် ရွက်ခေါက်ပိုး၊ ပိုးနဂါး၊ ဖူးစားပိုး၊ သီးလုံးဖောက် စတဲ့ ပိုးများကို နှိမ်နင်းပေးနိုင်ပြီး သတ်မှတ်ထားသည့် တစ်ဧကနှုန်း ထားအတိုင်း သုံးစွဲပါ။