အမျိုးအစား - ဓာတ်မြေသြဇာ
ပါဝင်သောပစ္စည်း - N -25%, K2O - 15%, S - 18%
အသုံးပြုနိုင်သည့်ဧက - (၁)ဧက
အသုံးပြုပုံ - ရွှေနဂါးရဲ့ ရွှေအားသန် ကွန်ပေါင်း ဓာတ်မြေဩဇာ (၅၀) ကီလိုဂရမ် တစ်အိတ် ကို (၁)ဧက လျှင် တစ်ကြိမ် အသုံးပြုပါက အာနိသင် ပိုမိုကောင်းမွန်စေပါသည်။
အသုံးပြုရမည့်အချိန် - ပြောင်းဖူး၊ ကြံ သီးနှံ တစ်ရာသီလုံးတွင် အသုံးပြု နိုင်ပါသည်။ မြေပြင်ချိန်တွင် မြေခံ အဖြစ် သုံးစွဲ နိုင်သလို၊ အပင်ကြီးထွားချိန် တွင်လည်းလိုအပ်သလို သုံးစွဲနိုင်ပါသည်။
ကုန်ပစ္စည်းအသေးစိတ်
ရွှေအားသန် အာနိသင်
နိုက်ထရိုဂျင် ၊ ပိုတက်ဆီယမ် နှင့် ဆာလဖာ သုံးမျိုးစပ်ထားသော ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်သောကြောင့် မြန်မာနိုင်ငံအထက်ပိုင်း ပြောင်းဖူး စိုက်ခင်းများတွင် သုံးစွဲရန် အထူး သင့်လျော်သော ဓာတ်မြေဩဇာ ဖြစ်ပါသည်။ အစာချက်လုပ်မှု အားကောင်းပြီးရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေသည်။ အမြစ်ပွား များပြီး အမြစ်ပို၍ ရှည်ကာ ပိုသန်စွမ်း စေပါသည်။ အရိုး အဆစ် နှင့် ပင်စည် တောင့်တင်းသန်မာ စေပြီး အရွက်စိမ်းစိုစေပါသည်။ အရောင် အဆင်း၊ အနံ့အရသာပြည့်စုံစေကာ ထွားကျိုင်းပြည့်မီသော ပြောင်းဖူးများ ဖြစ်လာစေပြီး၊အစေ့အဆံပြည့်ဝကာအလေးချိန်စီး၍ အထွက်နှုန်းတိုးစေပါသည်။ မြန်မာနိုင်ငံပြောင်း စိုက်ခင်းတိုင်း အတွက် သုံးစွဲရန် အသင့်တော်ဆုံးနှင့် အကောင်းဆုံး ပြောင်း အထူး ကွန်ပေါင်း ဓာတ်မြေဩဇာ ဖြစ်ပါသည်။