ဘာသီးနှံစိုက်စိုက်၊ အကောင်းဆုံး အထွက်ရရှိအောင် ဘာဓါတ်တွေ ဘယ်လောက် ထည့်ရမလဲ…သိချင်သလား?

မြန်မာနိုင်ငံရှိ တောင်သူလယ်သမားကြီး အများစုဟာ ဒေသရေမြေအလိုက် သီးနှံအမယ်စုံ စိုက်ပျိုးကြတာ တွေ့ရပါတယ်။ နှံစားသီးနှံဆိုရင် စပါး၊ အစေ့ထုတ်ပြောင်း၊ ဂျုံ၊ ပဲမျိုးစုံသီးနှံဆိုရင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲပုတ်၊ ဆီထွက်သီးနှံဆိုရင် မြေပဲ၊ နှမ်း၊ နေကြာ၊ သစ်သီးဝလံဆိုရင် သရက်၊ မာလကာ၊ ကျွဲကော၊ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်၊ ငှက်ပျော၊ ထောပတ်သီး၊ လိမ္မော်၊ နာနတ်၊ စက်မှုသီးနှံဆိုရင် ဝါ၊ ကြံ၊ ဂုန်လျှော်၊ ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဟင်းသီးဟင်းရွက်တွေဆိုရင် မုံညှင်း၊ မုံလာ၊ ဖရဲ၊ သခွား၊ ကြက်သွန်ဖြူ/နီ၊ အာလူး၊ ခရမ်းချဉ်စတဲ့ သီးနှံတွေ စိုက်ပျိုးကြတာ တွေ့ရပါတယ်။


စိုက်ပျိုးတာ စိုက်ပျိုးနေကြပေမဲ့ ဘယ်သီးနှံ ဘယ်ဓါတ်တွေ ဘယ်လောက်ထည့်ရမလဲလို့ ဂဃနဏ သိရှိပြီးထည့်တာ အလွန်နည်းပါးတာ တွေ့ရပါတယ်။ အရင်တုံးက ဒီလောက်ထည့်လို့ အခုလဲ ဒီလောက်ထည့်တယ်ဆိုတဲ့ အသိနဲ့ဘဲ စခန်းသွားနေကြတာ ကြာခဲ့ပါပြီ။ ဒါကြောင့်လဲ သီးနှံတွေ စိုက်ပျိုးပြီး အထွက်ကောင်းကောင်း ရသင့်သလောက် မရခဲ့ကြတာ ဖြစ်ပါတယ်။ သီးနှံအလိုက် အထွက်ကောင်းအောင် ဘာဓါတ်တွေ ဘယ်လောက်ထည့်ရမလဲဆိုတဲ့ သုတေသနရလဒ်ကလေးကို တောင်သူလယ်သမားကြီးများ အကျိုးစီးပွားအတွက် မျှဝေပေးလိုက်ပါတယ်။
စပါးသီးနှံ တစ်ဟက်တာကို (၆)တန်ထွက်ဖို့အတွက် နိုက်ထရိုဂျင်ဓါတ် (၁၈၀) ကီလိုဂရမ်၊ ဖော့စဖရပ်ဓါတ် (၅၀) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၁၆၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၂၀) ကီလိုဂရမ်၊ ဆာလဖာဓါတ် (၁၀) ကီလိုဂရမ် လိုအပ်ပါတယ်။ အစေ့ထုတ်ပြောင်း တစ်ဟက်တာကို (၆) တန်ထွက်ရန်အတွက် နိုက်ထရိုဂျင်ဓါတ် (၁၂၀) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၅၀) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၁၂၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၄၀) ကီလိုဂရမ်၊ ဆာလ်ဖာဓါတ် (၂၅) ကီလိုဂရမ် ထည့်ပေးဖို့ လိုအပ်ပါတယ်။ မတ်ပဲ၊ ပဲတီစိမ်း သီးနှံတစ်ဟက်တာ (၂)တန် ထွက်ဖို့အတွက် နိုက်ထရိုဂျင်ဓါတ် (၁၂၅) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၃၅) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၈၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၁၅) ကီလိုဂရမ် ကျွေးပေးရန် လိုအပ်ပါတယ်။
ပဲစင်းငုံ သီးနှံတစ်ဟက်တာ (၁.၅)တန် ထွက်ဖို့အတွက် နိုက်ထရိုဂျင်ဓာတ် (၇၀) ကီလိဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၁၀) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၅၅) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၁၀) ကီလိုဂရမ်၊ ဆာလ်ဖါဓါတ် (၅) ကီလိုဂရမ် လိုအပ်ပါတယ်။ ပဲပုတ်သီးနှံ တစ်ဟက်တာ (၃)တန် ထွက်ဖို့အတွက် နိုက်ထရိုဂျင်ဓာတ် (၂၂၀) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၄၀) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၁၇၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၄၀) ကီလိုဂရမ်၊ ဆာလ်ဖါဓါတ် (၂၀) ကီလိုဂရမ် ကျွေးဖို့လိုပါတယ်။ ဆီထွက်သီးနှံ မြေပဲ တစ်ဟက်တာ (၂)တန် ထွက်ဖို့အတွက် နိုက်ထရိုဂျင်ဓာတ် (၁၇၀) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၃၀) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၁၁၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၂၀) ကီလိုဂရမ်၊ ဆာလ်ဖါဓါတ် (၁၅၀) ကီလိုဂရမ် ထည့်ဖို့လိုပါတယ်။ နှမ်း တစ်ဟက်တာ (၂)တန် ထွက်ဖို့အတွက် နိုက်ထရိုဂျင်ဓာတ် (၂၅) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၅၀) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၈၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၁၅) ကီလိုဂရမ် လိုအပ်ပါတယ်။ နေကြာ တစ်ဟက်တာ (၃)တန် ထွက်ရန်အတွက် နိုက်ထရိုဂျင်ဓာတ် (၁၂၀) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၆၀) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၂၄၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၅၅) ကီလိုဂရမ်၊ ဆာလ်ဖါဓါတ် (၁၅) ကီလိုဂရမ် ကျွေးပေးဖို့လိုပါတယ်။ လိမ္မော်သီးနှံ တစ်ဟက်တာ တန်(၃၀) ထွက်ဖို့ဆိုရင် နိုက်ထရိုဂျင်ဓာတ် (၂၇၀) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၆၀) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၃၅၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၄၀) ကီလိုဂရမ်၊ ဆာလ်ဖါဓါတ် (၃၀) ကီလိုဂရမ် ထည့်ပေးရန် လိုအပ်ပါတယ်။ ငှက်ပျောသီးနှံ တစ်ဟက်တာ (၅၀)တန် ထွက်ရှိရန်အတွက် နိုက်ထရိုဂျင်ဓာတ် (၂၅၀) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၆၀) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၁၀၀၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၁၄၀) ကီလိုဂရမ်၊ ဆာလ်ဖါဓါတ် (၁၅) ကီလိုဂရမ် ကျွေးပေးရန် လိုအပ်ပါတယ်။ နာနတ်သီးနှံ တစ်ဟက်တာ (၅၀)ကီလိုဂရမ် ထွက်ရန်အတွက် နိုက်ထရိုဂျင်ဓာတ် (၁၈၅) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၅၅) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၃၅၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၁၁၀) ကီလိုဂရမ်၊ ဆာလ်ဖါဓါတ် (၂၀) ကီလိုဂရမ် လိုအပ်ပါတယ်။
ကော်ဖီသီးနှံ တစ်ဟက်တာ (၁.၅)တန် ထွက်ရှိဖို့အတွက် နိုက်ထရိုဂျင်ဓာတ် (၁၂၀) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၃၀) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၁၃၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၃၀) ကီလိုဂရမ်၊ ဆာလ်ဖါဓါတ် (၁၀) ကီလိုဂရမ် ထည့်ပေးဖို့ လိုပါတယ်။ ကြံသီးနှံ တစ်ဟက်တာ တန်(၁၀၀) ထွက်ရှိရန်အတွက် နိုက်ထရိုဂျင်ဓာတ် (၁၃၀) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၉၀) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၃၄၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၈၀) ကီလိုဂရမ်၊ ဆာလ်ဖါဓါတ် (၆၀) ကီလိုဂရမ် လိုအပ်ပါတယ်။ ချည်မျှင်ရှည်ဝါ သီးနှံ တစ်ဟက်တာ (၁)တန် ထွက်ရန်အတွက် နိုက်ထရိုဂျင်ဓာတ် (၁၂၀) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၄၅) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၉၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၄၀) ကီလိုဂရမ်၊ ဆာလ်ဖါဓါတ် (၂၀) ကီလိုဂရမ် ထည့်ပေးရန် လိုအပ်ပါတယ်။ အာလူး တစ်ဟက်တာ (၂၅)တန် ထွက်ရှိရန်အတွက် နိုက်ထရိုဂျင်ဓာတ် (၅၀-၁၀၀) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၅၀-၁၀၀) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၇၅-၁၅၀) ကီလိုဂရမ် လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်မျိုးစုံမှာ ပျမ်းမျှ တစ်ဟက်တာ တန်(၃၀-၆၀) ထွက်ရန်အတွက် နိုက်ထရိုဂျင်ဓာတ် (၁၀၀-၂၅၀) ကီလိုဂရမ်၊ ဖော့စ်ဖရပ်ဓါတ် (၅၀-၁၀၀) ကီလိုဂရမ်၊ ပိုတက်စီယမ်ဓါတ် (၁၅၀-၂၀၀) ကီလိုဂရမ်၊ မဂ္ဂနီစီယမ်ဓါတ် (၅၀) ကီလိုဂရမ်၊ ဆာလ်ဖါဓါတ် (၁၅-၃၀) ကီလိုဂရမ် လိုအပ်မှာ ဖြစ်ပါတယ်။
အထက်ပါသီးနှံအလိုက် အာဟာရဓါတ်များ လိုအပ်ချက်မှာ ရေမြေကောင်း/သင့်/ညံ့ အပေါ်မှာ မူတည်၍၎င်း၊ မြေတွင်းနဂိုရှိပြီး အာဟာရဓါတ်ပမာဏအရ၎င်း အတိုးအလျှော့ ရှိနိုင်ပါတယ်။ သို့သော် အနီးစပ်ဆုံး အသုံးပြုရန် ပမာဏ ဖြစ်ပါတယ်။
တစ်ဟက်တာ = ၂. ၄၇ ဧက
တစ်ကီလိုဂရမ် = ၂.၂. ပေါင် (၆၀ကျပ်သားခန့်)
တစ်တန် = ၆၀၀ ပိဿာ (၂၂၀၄ ပေါင်)

Credit - အောင်ဆန်း(စိုက်ပျိုးရေး)

Share this article

About us

We established Myanma Shwe Nagar Agricultural Group Co.,Ltd since 2004 in Myanmar .

 

We had mainly invested in agriculture by doing production and distribution of Fertilizers, insecticides, herbicides and some plants growth regulators, hormones which all are essential inputs used in all farms to get crop high yield.

Last posts

Contact Us

 No.402 ,U Phoe Hlaing Street Shwe Lin Ban Industrial Zone Hlaing Thar Yar Tsp,Yangon, Myanmar .

 myanmashwenagaroffice@gmail.com

 09253322255, 09253322266, 09253322277, 09253322288,09450601897