အခုအချိန်ဟာ မိုးမြေပဲများ နုတ်သိမ်း သိုလှောင်ချိန်နဲ့ ဆောင်းမြေပဲများ စတင်စိုက်ပျိုးကြချိန် တောင်သူလယ်သမားကြီးများကို သတိပြုဖို့ ဆွေးနွေးလိုတဲ့ အချက်ကတော့ မိုးမြေပဲများ သိုလှောင်ချိန်မှာ ဒုက္ခပေးတတ်တဲ့၊ မြေပဲတောင့်ဖျက်ဆီးတဲ့ ကျိုင်းညိုအကြောင်းပဲ ဖြစ်ပါတယ်။

နိုက်ထရိုဂျင်ဓာတ်ချို့တဲ့လျှင် အပင်ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်စေပါသည်။ အရွက်ဟောင်းများ ရွက်ပြားကျန်ပြီး တို၍ထောင်မတ်နေပါသည်။ အပင်ပွားမှု နည်းစေပါသည်။ နိုက်ထရိုဂျင်ဓာတ် ချို့တဲ့လွန်းပါက အရွက်များ ခြောက်၍ အပင်သေသွားပါသည်။ ဖော့စ်ဖရပ်ဓာတ်ချို့တဲ့လျှင် အပင်ကြီးထွားမှု ရပ်တန့်စေပြီး ပင်ပွားနည်းစေပါသည်။ ရွက်ရင့်ရွက်ဟောင်းများ ကျန်းမာသန်စွမ်းနေပါသည်။ ဖော့စ်ဖရပ်ဓာတ်ချို့တဲ့လွန်းပါက အရွက်ရင့် အရွက်ဟောင်းများ အညိုရောင်သို့ပြောင်းပြီး ခြောက်သေသွားပါသည်။

စပါးသီးနှံတစ်မျိုးတည်းကို နှစ်ရှည်ကြာ ဆက်တိုက်စိုက်ပျိုးခြင်း၊ မိုးစပါးနွေစပါး နှစ်ရှည်ကြာ ဆက်တိုက်စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာအတွင်း ဖြစ်ပေါ်ပြောင်းလဲသွားမှု ဆိုးကျိုးပရိယာယ်များနှင့် ကြုံကြရသည်။ အဓိက လိုအပ်သော အာဟာရဓါတ်များ ချို့တဲ့လာခြင်း၊ သီးနှံပင် အဆိပ်သင့်ခံရခြင်း၊ လွန်ကဲသော ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှုခံရခြင်း၊ မြေဆီလွှာ၏ ရူပဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်သတ္တိနှင့် ဇီဝ ဂုဏ်သတ္တိများ ပျက်စီးလာခြင်း၊ မြေကျွံခြင်း၊ မြေကြပ်ခြင်း၊ မြေချဉ်ခြင်း၊ စပါးအထွက်နှုန်းအပြင် သီးထပ်စိုက်မည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံများပါ အထွက်နှုန်း လျော့ကျလာခြင်း ဆိုးကျိုးတရားများနှင့် ကြုံတွေ့လာရသည်။

ကျွဲကောသီး သီးကင်းဝင်ချိန် ဧပြီ၊ မေလမှာ ကျွဲကောသီးငယ်များ သံပုရာသီးငယ်အရွယ်ရှိချိန်မှာ အသီးကြီးထွားမှုနဲ့ အချိုဓါတ်ပါဝင်မှုအတွက် အထူးဂရုပြုရမဲ့အချိန်ဖြစ်ပါတယ်။ ၎င်းအချိန်တွင် တပင်လျှင် N:P:K (၁၂း၂း၂) ဓါတ်မြေသြဇာနှစ်ပြည့်၊ နွားချေး၊ မြေဆွေး၊ အီးအမ်မ်ဘိုကာရှိ မြေဆွေးအိတ်ဝက်နှုန်း၊ ဒိုလိုမိုက် နှစ်ပြည်၊ မဖောက်ထုံး နှစ်ပြည်နဲ့ ရောမွှေပြီး အပင်ခြေနှင့် ၇လက်မ - ၈လက်မ ခွာပြီး မြောင်းတူး၍ ကျွေးပေးသင့်ပါတယ်။ အသီး အရသာ ချိုမွှေး အရည်ရွှန်းရန် ဖြစ်ပါတယ်။

ကျွဲကောသီးဟာ မြန်မာတို့ရာသီပေါ်သစ်သီးအဖြစ် ခုံမင်စွာစားသုံးလေ့ရှိကြပါတယ်။ ယခုအခါ ပြည်ပပို့ကုန်အဖြစ်လဲ ရေပန်းစားလာတာ တွေ့ရပါတယ်။ သို့သော်လည်း ကျွဲကောသီးဟာ အချိုချိုပြီး အရည်ရွှမ်းတာ တွေ့ရတယ်။ အချိူ့အသီးများဟာ ချဉ်တာတွေ့ရပါတယ်။

ရာသီဥတု ပြောင်းလဲလာမှု၏ စိန်ခေါ်မှုကြောင့် စပါးရိတ်သိမ်းခြွေလှေ့စက်ကြီးတွေကို အလိုလို လက်ယပ်ခေါ်သလိုလို ဖြစ်လာတယ်။ စပါးရိတ်ချိန်မှာ မိုးရွာနေတ ၄-၅ နှစ် ရှိပါပြီ။ တောင်သူလယ်သမား ကြီးများ မိုးထဲလေထဲ စပါးသိမ်းကြရတယ်။ စပါးရေစို မိုးမိပြီး ပျက်စီးခံကြရတယ်။

မြေဆီလွှာတွင် မြေချဉ်ခြင်း၊ မြေငန်ခြင်းဆိုတဲ့ အဖြစ်အပျက်ရှိတယ်။ ဤသည်ကို မြေချဉ်ငန်ကိန်း (PH) ဟု ခေါ်ပါတယ်။ တောင်သူလယ်သမားကြီးများဟာ မိမိစိုက်ပျိုးသော လယ်မြေ၊ ယာမြေများ၏ ချဉ်ငန်ကိန်းကို သိရှိရန် လိုအပ်ပါတယ်။ ဒါမှသာ မိမိစိုက်ပျိုးလိုတဲ့ သီးနှံပင်များကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ကြမှာ ဖြစ်ပါတယ်။
တောင်သူလယ်သမားကြီးများ စာရေးသူထံ ဖုန်းဆက်ပြီး အမြဲမေးလေ့ရှိတာကတော့ “ဆရာ ကျွန်တော့ စပါးခင်း၊ ကျွန်တော့ ပဲခင်း အပင်မထဘူး။ ဓါတ်မြေသြဇာ ကျွေးတာလဲ မရဘူး။ အရွက်တွေ ဝါနေတယ်။ ရွက်ဖျားတွေ ခြောက်နေတယ်။ အပင်က အဆိပ်သင့်နေသလို ဖြစ်နေတယ်။ မြေငန်နေလို့ ဖြစ်တယ်လို့လဲ ပြောပါတယ်။ အဲ့ဒါ ဘာလုပ်ရမလဲ။” လို့ ဆိုကြပါတယ်။

ဒီတစ်ပတ် ဆွေးနွေးချင်တာကတော့ စပါးပင်ငယ်စဉ်မှာ ကျရောက်ဖျက်ဆီးတတ်တဲ့ သရစ်ပိုး ကာကွယ်နှိမ်နှင်းနည်း အကြောင်းဘဲဖြစ်ပါတယ်။ ခုတလော နွေစပါးစိုက်တဲ့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မွန်၊ ကရင်ဒေသတွေမှာ သရစ်ပိုးကျရောက်ဖျက်တီးတတ်လို့ တောင်သူလယ်သမားကြီးများ ဒုက္ခရောက်နေကြရတယ်ဆိုတဲ့ သတင်းကို သတင်းစာ၊ ဂျာနယ်များမှာ ဖတ်ရှုရပါတယ်။

Page 2 of 4

About us

We established Myanma Shwe Nagar Agricultural Group Co.,Ltd since 2004 in Myanmar .

 

We had mainly invested in agriculture by doing production and distribution of Fertilizers, insecticides, herbicides and some plants growth regulators, hormones which all are essential inputs used in all farms to get crop high yield.

Last posts

Contact Us

 No.402 ,U Phoe Hlaing Street Shwe Lin Ban Industrial Zone Hlaing Thar Yar Tsp,Yangon, Myanmar .

 myanmashwenagaroffice@gmail.com

 09253322255, 09253322266, 09253322277, 09253322288,09450601897