ကျိုင်းညိုဟာ နှစ်စဉ်ကျရောက်တတ်တဲ့ပိုး ဖြစ်ပါတယ်။ မြေပဲတောင့်အဟောင်းများ၊ မြေပဲဆန်အဟောင်းများ၊မြေပဲအိတ်များမှာ ဥများ၊ ရုပ်ဖုံးများ၊ အကောင်ကြီးများ တွယ်ကပ်ပြီး သံသရာစက်ဝန်း ဆက်ရှည်နေတတ်ကြပါတယ်။ ဒါပေမယ့် တောင်သူ လယ်သမားကြီးများက သတိမမူမိဘဲ ဖြစ်နေကြပါတယ်။ ဒီကျိုင်းညိုဟာ မြေပဲတောင့်များ အခြောက်လှန်းပြီးသိုလှောင်တဲ့ အချိန်ရောက်မှ ကျရောက်တတ်တဲ့ပိုး ဖြစ်ပါတယ်။
မြေပဲပေါ်ချိန်နဲ့ ချိန်ကိုက်ပြီး ပဲတောင့်အဟောင်းတွေမှာ တွယ်ကပ်ကျန်နေတဲ့ ကျိုင်းကောင် အထီး၊ အမတွေဟာ မိတ်လိုက်ပြီး အမတွေဟာ မြေပဲတောင့်ရဲ့အပြင်ဘက်အခွံပေါ်မှာ ဥအုပါတယ်။ ဥကနေ အကောင်ပေါက်ပါတယ်။ ဥပေါက်ခါစ အကောင်ငယ်မှ အကောင်ကြီးအထိ ၄၂ ရက်ကြာပါတယ်။
အကောင်ကြီးဟာ ဘဲဥပုံအညိုရောင်ရှိပြီး ၄-၇ မီလီမီတာ ကျယ်ပါတယ်။ ကြီးမားတဲ့အတောင်မှာ အနက်စင်းများပါပြီးနောက် ခြေထောက်များ ရှိပါတယ်။ ဥမှပေါက်ခါစ လောက်ကောင်လေးတွေဟာ မြေပဲခွံကို အပေါက်ဖောက်ဝင်၍ အတွင်းက မြေပဲဆန်ကို စားပစ်ပါတယ်။ အကောင်ငယ်စဉ်မှာ ဖျက်ဆီးမှုလက္ခဏာကို ထင်ရှားစွာမတွေ့ရသဖြင့် ဖျက်ဆီးခံရမှုများလာတဲ့ အခါမှသာ တွေ့ရတဲ့အတွက် ဆုံးရှုံးရမှုများတာ တွေ့ရပါတယ်။ မြေပဲတောင့်မှာ ပိုးဖောက်ထားတဲ့ အပေါက်ကလေးများကို ထင်ရှားစွာတွေ့ရပါတယ်။
ဒီကျိုင်းညိုကို ဘယ်လိုကာကွယ် နှိမ်နင်းမလဲ
➤(က) ကြိုတင်ကာကွယ်ခြင်း
(၁) ပဲတောင့်၊ ပဲဆံ၊ ပဲအိတ်ဟောင်း အကြွင်းအကျန်များကို ပိုးဥ၊ ရုပ်ဖုံး၊ ပိုးကောင်တွယ်ကပ်နေမှု ရှိ၊ မရှိ၊ ပဲသိုလှောင်ထားတဲ့ နေရာမှာ ပိုးဥ၊ ရုပ်ဖုံး၊ ပိုးကောင်များ တွယ်ကပ်နေမှု ရှိ၊ မရှိ ကြိုတင်စစ်ဆေး၍ ဆေးဖြင့် အမြစ်ပြတ်သုတ်သင်ပါ။
(၂) ပဲတောင့်၊ ပဲဆန်များကို ကျိုင်းညိုပိုးမဥမီ လူက ဝီရိယဖြင့် ဆေးစီရင်ခြင်းကို ကြိုတင်ဆောင်ရွက်ပါ။
➤ (ခ) နှိမ်နင်းခြင်း
(၁) အဆိပ်ငွေ့မှိုင်းတိုက်နည်း အသုံးပြုပါ။
(၂) မြေပဲတောင့်ကို ဆေးစီရင်ပြီးပါက လေလုံသောပုံးများဖြင့် စနစ်တကျသိုလှောင်ပါ။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)
အထွေထွေကဏ္ဍ
မြေပဲတောင့်ကို ဒုက္ခပေးတဲ့ကျိုင်းညို ဒီလိုကာကွယ်နှိမ်နင်းပါ
- 30/03/2020
အခုအချိန်ဟာ မိုးမြေပဲများ နုတ်သိမ်း သိုလှောင်ချိန်နဲ့ ဆောင်းမြေပဲများ စတင်စိုက်ပျိုးကြချိန် တောင်သူလယ်သမားကြီးများကို သတိပြုဖို့ ဆွေးနွေးလိုတဲ့ အချက်ကတော့ မိုးမြေပဲများ သိုလှောင်ချိန်မှာ ဒုက္ခပေးတတ်တဲ့၊ မြေပဲတောင့်ဖျက်ဆီးတဲ့ ကျိုင်းညိုအကြောင်းပဲ ဖြစ်ပါတယ်။