သတ်မှတ်ချက် - အရည်
ပါဝင်သောပစ္စည်း(A1) - N2 1.3%, P2O5 5.6%, K2O5 5.1%, Amino Acid 8%, Rere Earth Chilate Compound 5%, Mg 0.03%, S 0.9%
ပါဝင်သောပစ္စည်း(A2) - Mo 6ppm
ထုပ်ပိုးပုံ - 500 cc
လိုက်စင်အမှတ် - ထလ(849)
အသုံးပြုပုံ - ရေ (4-5) ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် A1 ဆေးရည်ဗူးဖုံး (1)ဖုံးနှင့် A2 ဆေးရည် ဗူးဖုံး (1) ဖုံးစီ (သို့မဟုတ်) A1 နှင့် A2 (25) စီစီနှုန်းစီ ရောစပ်သုံးစွဲပါ။ အရည် (2) မျိုးကို သီးခြားစီခွဲပြီး အသုံးမပြုရပါ။
ကုန်ပစ္စည်းအသေးစိတ်
ပန်းစပွင့်ချိန် (ပေါင်းဆော်ပန်းပွင့်ချိန်)တွင် ပထမအကြိမ်ပက်ဖြန်းပြီးနောက် (10-15) ရက်ခြား၍ ဒုတိယအကြိမ် ပက်ဖြန်းပါ။ အမြစ်စဉ်အားကောင်းစေ၍ မြေတွင်းရှိ အစိုဓာတ်နှင့် အစာအာဟာရကို ပိုမိုစုပ်ယူရရှိစေနိုင်သည်။ ပဲမြစ်ဖုအရေအတွက်များပြားစွာ ဖွဲ့စည်းခွင့်သာစေပြီး အပင်အတွက် နိုက်ထရိုဂျင်ဓာတ် လုံလောက်စေသည်။ ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ကို သာမန်ထက် ပိုမိုခံနိုင်ရည်ရှိစေပါသည်။ အရွက်များ စိမ်းစိုတောက်ပ၍ အစာချက်လုပ်မှု မြင့်မားစေသည်။ သန်စွမ်းသော ဘေးကိုင်များနှင့် ဖွံ့ထွားသော ပွင့်ကိုင်းများ ဖြစ်ပေါ်စေသည်။ ပင်သက်ပင်ရွယ်နှင့်အညီ ရရှိမည့် အရွယ်ဧရိယာများမှ ပင်တွင်းအစာခွဲဝေမှုကို မျှတစေသည်။ (မလိုအပ်သော အပင်ကြီးထွားမှုကို ရပ်တန့်စေခြင်းဖြင့်) ကိုင်းဖြာမှု၊ ပန်းပွင့်မှုအားကောင်း၍ အပွင့်သန္ဓေအောင်မြင်မှုများပြီး စွယ်ထွက်စွယ်ချပိုမိုအားကောင်းစေပါသည်။ အပင်၏ နှောင်းပိုင်းကာလတွင် ဖြစ်ပေါ်လာသော အပွင့်နှင့် စွယ်ကန်းများမှ အာဟာရ လုယူစားသုံးမှုကို လျော့နည်းစေသည်။ အတောင့်ထွားပြီး ပြည့်တင်းသော အစေ့အဆန်များ ဖြစ်တည်ကာ အလေးချိန်စီး၍ အထွက်နှုန်း 20% မှ 40 %အထိ တိုးစေသည်။