သတ်မှတ်ချက် - အရည်
ပါဝင်သောပစ္စည်း(A1) - P2O5 8.5%, Amino Acid 7%, K2O 6.5%, Molybdenum 12%
ပါဝင်သောပစ္စည်း(A2) - Nitrogen 2.6%, Sulphur 0.2 %, Benzoic Acid (အကိုင်းပွားအားဆေး) 0.9%, P-nitrophenan Sodium Salt (အစေ့အောင်အားဆေး) 0.6%
ထုပ်ပိုးပုံ - 500 cc
လိုက်စင်အမှတ် - ထလ(694)
အသုံးပြုပုံ - ရေ (4-5) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် A1 ဆေးရည်ဗူးဖုံး (1)ဖုံးနှင့် A2 ဆေးရည် ဗူးဖုံး (1) ဖုံးစီ (သို့မဟုတ်) A1 နှင့် A2 (25-30) စီစီနှုန်း ရောစပ်သုံးစွဲပါ။
ကုန်ပစ္စည်းအသေးစိတ်
အရည် (2) မျိုးကို သီးခြားစီခွဲပြီး အသုံးမပြုရပါ။ အရည် (2) မျိုးစလုံးကို ဆေးဖျန်းပုံးအတွင်း ရေတစ်ဝက်ခံ၍ ရောစပ်ပါ။ အပင်ငယ်စဉ် (20-25) ရက်သားမှ စတင်၍ ပန်းပွင့်ချိန်အထိ (7-10) ရက်ခြားပြီး (1-3) ကြိမ် ပက်ဖျန်းပါ။ လက်ရှိ လပ်ကီးဆဲဗင်း ရွက်ဖျန်းမြေဩဇာအား အာနိသင်တိုးမြှင့်ထားသဖြင့် ပင်စည်တောင့်တင်းသန်မာပြီး ကိုင်းဖြာထွက်မှုကောင်းခြင်း၊ အစာချက်လုပ်မှုကောင်း၍ အရွက်များ စိမ်းစိုတောက်ပခြင်း၊ အပင်အတက်မြန်ခြင်း၊ အပွင့်အသီးဝင်ချိန်တွင် ပုံမှန်ထက် အပွင့်ပွင့်အားပိုကောင်းပြီး အသီးတင်မှုကောင်းခြင်း၊ အစေ့အဆန် အောင်မြင်ပြည့်၀၍ ပဲအထွက်နှုန်းတိုးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ မတ်ပဲ၊ ပဲတီစိမ်းသီးနှံများတွင် အဓိကသုံးစွဲပေးနိုင်ပါသည်။