သတ်မှတ်ချက် - အရည်
ပါဝင်သောပစ္စည်း - အစွမ်းရှိပစ္စည်း Azoxystrobin – 20%, Difenoconazole- 12.5%, Other Ingredients – 67.5%
ထုပ်ပိုးပုံ - 500 ml
လိုက်စင်အမှတ် - P2018-4191
အသုံးပြုပုံ - မိမိစိုက်ပျိုးသည့် သီးနှံအမျိုးအစားပေါ်မူတည်ပြီး ဆေးဗူးတွင်ပါသည့် အညွှန်းကို သေချာဖတ်၍သုံးစွဲရပါမည်။တစ်ရာသီ ဆေးဖျန်းကြိမ်ရေ (2-3) ကြိမ်အထိ ဖျန်းပေးနိုင်ပြီး ဆေးဖျန်းရက်အား (7-14) ရက်ခြားရပါမည်။ ဆေးဖျန်းပြီး 24နာရီကြာမှ စိုက်ခင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရပါမည်။
ကုန်ပစ္စည်းအသေးစိတ်
စူပါ ပါဝါမိုင်း 32.5 အက်စ်စီ(ဆိုင်းတွဲ ဆေးရည်ပြင်း မှိုသတ်ဆေး)ကို ဗူး၊ ဖုံ၊ သခွား၊ ဖရဲ၊ သခွားမွှေး၊ ပြောင်း၊ ပဲပုတ်၊ ပဲမျိုးစုံ၊ ငှက်ပျော၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်၊ အာလူး စသည့် သီးနှံများတွင် ဖြစ်ပွားတတ်သော ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ အမြစ်ပုပ်ရောဂါ၊ ရွက်ပြောက်ရောဂါ၊ စီကာတိုကာရောဂါ၊ ကြက်သွန်တောက်တဲ့မြီးရောဂါ၊ ပင်ခြေပုပ်ရောဂါ၊ စောပင်နာကျရောဂါ များအတွက် ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။ ငါနှင့်ပျားများအား အဆိပ်သင့်စေနိုင်သည်။