သတ်မှတ်ချက် - အခဲ
ပါဝင်သောပစ္စည်း - N : 25%, Amino Acid: 0.2%
ထုပ်ပိုးပုံ - 40 Kg
အသုံးပြုပုံ - ၁ ဧကလျှင် အထွက်တိုးမြေသြဇာ (၄၀) ကီလိုဂရမ်တစ်အိတ်နှုန်းဖြင့် စပါးကြဲခင်း (သို့) စိုက်ခင်းတွင် ကြဲပြီး/စိုက်ပြီး ရက် (၆၀-၇၀)သားတွင် အသုံးပြုရန်ဖြစ်ပါသည်။
ကုန်ပစ္စည်းအသေးစိတ်
Top One အထွက်တိုးမြေသြဇာသည် ရာသီဥတုနှင့် ရောဂါဒဏ်ခံကို ထိရောက်စွာ ကာကွယ်နိုင်ပြီး အစိမ်းရောင်တာရှည်ခံကာ ရိတ်သိမ်းပြီးချိန်အထိ အလံရွက်စိမ်းနေပါသည်။ စပါးပင် ကျန်းမာသန်စွမ်းပြီး ပုံမှန်လုပ်ဆောင်ရသည့် အစာချက်ခြင်း၊ အာဟာရသိုလျှောင် စုဆောင်းခြင်းများ ပိုမိုလုပ်ဆောင်နိုင်သောကြောင့် အစေ့အဆံပြည့်ဝကာ အလေးချိန်စီးပြီး စပါးအထွက်နှုန်းကို ပိုမိုထွက်စေနိုင်ပါသည်။