သတ်မှတ်ချက် - အခဲ
ပါဝင်သောပစ္စည်း - -N : 25%, P2O5 : 7%, K2O : 8%
ထုပ်ပိုးပုံ - 50 Kg
လိုင်စင်အမှတ် - ထလ(၁၁၉၈)
အသုံးပြုပုံ - ရွှေနဂါးကွန်ပေါင်းဓာတ်မြေသြဇာကို သီးနှံစိုက်ခင်းများတွင် နောက်ဆုံးတမန်းပြုပြင်ချိန်၌ မြေခံမြေသြဇာအဖြစ် (သို့) အစိုဓာတ်လုံလောက်ချိန်တွင် အသုံးပြုနိုင်ပါသည်။ စပါး၊ ပြောင်း၊ ဂျုံများတွင် အဓိက အသုံးပြုနိုင်ပါသည်။
ကုန်ပစ္စည်းအသေးစိတ်
ရွှေနဂါးကွန်ပေါင်းဓာတ်မြေသြဇာကိုအသုံးပြုခြင်းအားဖြင့် အမြစ်အားကောင်း၍ ပင်စည် တောင့်တင်းခိုင်မာစေခြင်း၊ မြေဆီလွှာအတွင်းရှိ အင်ဇိုင်းများ၏ လုပ်ဆောင်လှုပ်ရှားမှု ပိုမို ကောင်းမွန်စေပြီး သီးနှံပင်မှ အာဟာရပြည့်ပြည့်၀၀ စားသုံးနိုင်ခြင်း၊ အနှံပါပင်ပွားအရေအတွက် ပိုမိုရရှိနိုင်ခြင်း၊ အရွက်အစိမ်းရောင်တာရှည်ခံ၍ စပါးပင်နီတိုဖြစ်ခြင်းနှင့် သံအဆိပ်သင့်ခြင်းတို့ကို သာမန်ထက် ခံနိုင်ရည်ရှိခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
Last modified on 06/12/2022