ဘင်္ဂလားပင်လယ်အော် အခြေအနေ။ ။ ကပ္ပလီပင်လယ်ပြင်နှင့်် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင် ပါသည်။
မိုးရွာသွန်းနိုင်မှု အခြေအနေ။ ။ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ အပြားနှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ချင်းပြည်နယ်တို့တွင်နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပါ သည်။
အမြင့်ဆုံးအပူချိန်အခြေအနေ။ ။ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင် ပိုင်း) တို့တွင် (၇၄)ဒီဂရီဖာရင်ဟိုက်မှ (၈၅)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင်(၈၆)ဒီဂရီဖာရင်ဟိုက်မှ (၉၇)ဒီဂရီဖာရင်ဟိုက် အတွင်းရှိနိုင်ပါသည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ။ ။ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် (၆၀)ဒီဂရီဖာရင်ဟိုက်မှ (၆၉)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် (၇၀) ဒီဂရီဖာရင်ဟိုက်မှ (၇၉)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။
လေထုစိုထိုင်းဆအခြေအနေ။ ။ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် (၇၄%)မှ (၈၄%)အတွင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး(အောက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၈၅%)မှ (၉၅%) အတွင်း အသီးသီး ရှိနိုင်ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ။ ။ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်းနှင့် အနောက်ပိုင်း)၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၁၁)မီလီမီတာမှ (၂၁)မီလီမီတာအတွင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ သကြီး၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် (၂၂)မီလီမီတာမှ (၃၂)မီလီမီတာအတွင်း အသီးသီးရှိနိုင်ပါသည်။
Sources: DMH
Last modified on 08/12/2022