ငှက်ပျောပင်စည်ထိုးပိုးဟာ အထီးအမ မိတ်လိုက်ပြီးရင် အမဟာ အပင်ခြေရင်းနဲ့ အရွက်ညှာရင်းနေရာများမှာ ဥအုချခဲ့ပါတယ်။ ဥဟာ ၅ - ၇ ရက်ကြာရင် နို့နှစ်ရောင် ပိုးလောက်လေး ပေါက်လာတယ်။ ပိုးလောက်လေးဟာ ပင်စည်အတွင်း မဝင်သေးမှီ အရွက်ရိုးတန်အတွင်း ခေါင်းကို ကိုက်စားကြီးထွားလာတယ်။ ပိုးလောက်ကောင်အဆင့်မှာ အရွက်(၂၀)ခန့် စားသောက်ပြီး ပင်စည်ထဲ ဝင်ကိုက်တယ်။ ပင်စည်ခွဲကြည့်ရင် ဒဏ်ရာတွေရတယ်။ အပင်ကျိုးကျတယ်။ ရုပ်ဖုံးဘဝကို အပင်ခြေရင်းမှာ အောင်းနေတတ်ပါတယ်။ တစ်ပတ်အကြာ အကောင်ကြီးအဖြစ် ပြန်ထွက်လာတယ်ဗျ။ ဒီပိုးဟာ မပျံသန်းနိုင်တဲ့အတွက် အမြစ်ဇုန်အနီး မြေဆီလွှာထဲမှာဘဲ (၄)လလောက် ခိုအောင်းရှင်သန်နေတယ်။ အသီးခိုင်ခုတ်ပြီးရင် အမြစ်ဇုန်ပါမကျန် တူးထုတ်ပြီး အပြတ်ရှင်းခဲ့ဖို့ လိုတယ်ဗျ။
ပင်စည်ထိုးပိုးကျထားတဲ့ ငှက်ပျောရုံက သားတက်ကို မျိုးအဖြစ် မသုံးနဲ့ဗျ။ ပြီးရင် တစ်ရုံလုံး တူးထုတ်ရှင်းလင်းပြီး ဖူရာဒန် ၃ဂျီ၊ ဆေး တစ်ရုံ (၃) ထုပ်ထည့်ပြီး မြေသန့်သန့်ထားရမယ်။ ပြီးမှ စိုက်ပျိုးသင့်တယ်။
ရောဂါအနေနဲ့ကတော့ ငှက်ပျောဟာ ရောဂါမျိုးစုံကျနိုင်တဲ့ အပင်မျိုးဖြစ်တယ်ဗျ။ ကျရောက်တတ်တဲ့ ရောဂါတွေကတော့ (၁) စီဂါတိုကာ ဆာကိုစပိုးရား ရွက်ပျောက်ရောဂါ၊ (၂) ညှိုးသေရောဂါ၊ (၃) အမဲပြောက်ရောဂါ၊ (၄) မှည့်ပြောက်စွန်းရောဂါ၊ (၅) မိုကိုရောဂါ၊ (၆) ထိပ်စုရောဂါ၊ (၇) နီမတုတ်ရောဂါတို့ ဖြစ်တယ်ဗျ။
စီဂါတိုကာ ရွက်ပျောက်ရောဂါကတော့ မှိုကြောင့်ဖြစ်တဲ့ ရောဂါဗျ။ မှိုရောဂါထဲမှာ ငှက်ပျောကို ဒုက္ခအပေးဆုံး ရောဂါဗျ။ အပျက်အစီးများလို့ သတိပြုရမယ်။ ဒေသအားလုံး ကျရောက်နိုင်ပြီး မကာကွယ်နိုင်ရင် အခင်းပါပျက်၊ အထွက်နှုန်းကျစေတယ်။ မှိုစပိုးများဟာ စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုမှာ ပိုပေါက်ပွားတယ်။ မိုးရေ၊ နှင်းရည်တို့နဲ့ စီးမျောပါပြီး ပျံ့နှံ့တယ်။ ငှက်ပျောရဲ့ အလယ် ရွက်လိပ်မှာ အရင်ကျရောက်ပြီး ရွက်လိပ်မပြန့်ကားမီ အခြားအရွက်သို့ ကူးစက်သွားတယ်ဗျ။ မိုးရာသီမှာ ပိုပြီး ပျံ့နှံ့လွယ်တယ်။ အရွက်နားတလျှောက် ဝါလာတယ်။ အဝါရောင်အစက်ကွက်ငယ်လေးများဖြစ်ပြီး အညှိရောင် ပြောင်းသွားတယ်။ အညှိရောင် အစင်းများဟာ တဖြည်းဖြည်းကြီးလာပြီး ၃ - ၁၀ ရက်အတွင်း အညိုရင့်ရောင် ဖြစ်လာတယ်။ အနက်ရောင် အနားရစ်များ ဖြစ်လာတယ်။ ရက်ပေါင်း (၆၀) အတွင်း ရောဂါလက္ခဏာ ပြည့်စုံစွာ ပေါ် လာတယ်။ ရောဂါမှိုဟာ အပူချိန် ၂၅ ံ ဒီဂရီ စင်တီဂရိတ်မှာ ပေါက်ပွားရှင်သန်မှု အကောင်းဆုံးဖြစ်တယ်။
ဒီရောဂါ ကာကွယ်နှိမ်နှင်းရာမှာ ကြေးနီပါတဲ့ဆေး အသုံးပြုတာ ထိရောက်မှုရှိတယ်။ ယခုအခါ ဆေးတမျိုးတည်း သုံးတာထက် ဆီ၊ ရေ၊ ဆေးရည် ရောစပ်ထားသော ဆေးရည် တစ်ဧကလျှင် ဆေး ၁ မှ ၁.၅ ဂါလံနှုန်းကို ရေဂါလံ (၂၀) နဲ့ ရောဖြန်းပေးရန်နဲ့ ဇီးနက်ဗ် ၆၅% ရာခိုင်နှုန်းကို ရေဖြင့် ပြင်းအား ၂ - ၃ % ရာခိုင်နှုန်း ရရှိအောင် ဖျော်၍ ဖြန်းဖို့ လို့ပါတယ်။
ငှက်ပျောညှိးသေရောဂါဟာ မှိုကြောင့်ဖြစ်တဲ့ ရောဂါပါဘဲ။ ဒီရောဂါကို ပနားများနိုင်ငံမှာ စဖြစ်လို့ ပနားမားရောဂါလို့လဲ ခေါ်ပါတယ်။ ပနားမားနိုင်ငံမှာ စဖြစ်လို့ ခေါ်တာပါ။ ဒီရောဂါဟာ အရှေ့တောင်အာရှနိုင်ငံ တော်တော်များများ တွေ့ရပါတယ်။ ဒီရောဂါကျရင် အပြင်ဘက်ဆုံး အရွက်အလက်များရဲ့ အောက်ခြေ အရွက်နားတွေ ရွက်လယ်ကြောတလျှောက် ဝါလိုက်လာတယ်။ အဝါရောင်မှ အညိုရောင်ပြောင်းလာတယ်။ ၄၅ - ၆၀ ရက်အတွင်း တစ်ပင်လုံးရှိ အရွက်များ ရွက်ပြားရင်းကနေ ရွက်ပြားကျိုးပြီး အရွက်အစုလိုက် တွဲလောင်းကျနေတယ်ဗျ။ တဖြည်းဖြည်း အပြင်ရွက်ကနေ အတွင်းရွက်များသို့ ကူးသွားတယ်။ ပင်စည်ပိုင်းပါ ပုတ်ရိသွားပြီး အပင်လဲကျ သေဆုံးသွားစေပါတယ်။ ပင်စည်ကို ထက်ပိုင်းဖြတ်ကြည့်ရင် အဝါ၊အနီ၊အညှိ အစက်အပြောက်တွေ ကြိုးခွေလို တွေ့ရတယ်။ ငှက်ပျောခေါင်းကို ထက်ခြမ်းခွဲရင် ခရမ်းရောင် ဖြစ်နေတာ တွေ့ရမယ်။
ဒီရောဂါဟာ မြေအောင်းရောဂါဖြစ်ပြီး မြေတွင်းအပူချိန် ၂၅ ံ-၃၀ ံ ဒီဂရီစင်တီဂရိတ်နဲ့ မြေချဉ်ငန်ဓာတ် ၃.၅ တွင် မှိုပေါက်ပွားမှု အခြေအနေ ပေးပါတယ်။ ငှက်ပျောပင်ဟောင်း၊ အပင်ငုတ်တို၊ ကြံ၊ ဆီအုန်း၊ ကန်စွန်းဥမှာလဲ ခိုအောင်းရှင်သန်နိုင်တယ်။ ကာကွယ်နှိမ်နှင်းဖို့ကတော့ မစိုက်မီ မြေကို သန့်ပါ။ မီးရှို့ပါ။ မာကျူရီပါသော မှိုသတ်ဆေး၊ ဆေးလ်ဘား နိုက်ထရိတ်၊ နိုက်ထရိုဖီနော မှိုသတ်ဆေးများကို အသုံးပြု ကာကွယ်နှိမ်နှင်းပါ။
ငှက်ပျောအမဲပြောက်ရောဂါဟာ မှိုကြောင့်ဖြစ်တဲ့ ရောဂါပါပဲ။ ဟာဝိုင်ရီကျွန်းမှ စတွေ့ခဲ့ပြီး ဖိလစ်ပိုင်နဲ့ အိန္ဒိယထိ ကူးစက်သွားတယ်လို့ ဆိုပါတယ်။ ဒီရောဂါမျိုးဟာ အသီးနဲ့ အရွက်ပေါ်မှာ ခပ်သေးသေးမောက်မောက် အပြောက်များ ဖြစ်လာပါတယ်။ အရွက်ပေါ်မှာ ကျတဲ့ အစက်အပြောက်ထက် အသီးမှာ ကျတဲ့ အစက်က ပိုမောက်ပြီး ကြီးမားပါတယ်။ တဖြည်းဖြည်း အသီးမှာ အစက်ပြောက် ထူထပ် များပြားလာပါတယ်။ မြန်မာနိုင်ငံမှာ ဖီးကြမ်းအမျိုးအစားမှာ ပိုဖြစ်တာ တွေ့ရပါတယ်။ ဒီရောဂါ ကာကွယ်နှိမ်နှင်းရန်မှာ ဘော်ဒိုမစ်ချာဆေးရည် (သို့) ကြေးနီ အောက်စီကလိုရိုက် (သို့) ဇီနက်ဗ်ဆေး တစ်ဧက ၂ ပေါင်နှင့် ရေဂါလံ (၁၀၀)ဖြင့် ဖျော်၍ ဖြန်းပေးနိုင်ပါတယ်။
ငှက်ပျောမှည့်ပျောက်စွန်းရောဂါကလည်း မှိုကြောင့်ဖြစ်တဲ့ ရောဂါပါဘဲ။ မြန်မာပြည်မှာ ဖီးကြမ်းနဲ့ ခွံဝါငှက်ပျောမှာ ဖြစ်လေ့ရှိတာ တွေ့ရပါတယ်။ အသီးမှည့်ရာမှ ပုပ်တတ်တဲ့ရောဂါမို့လို့ တချို့က အသီးမှည့်ပုပ် ရောဂါလို့လဲ ခေါ်ကြပါတယ်။ ဒီရောဂ့သည် အပင်မှ သီးခိုင်ခုတ်ပြီး အခန်းထဲထည့်ထားသော သီးခိုင်ထိ ဖြစ်တတ်ပါတယ်။ အသီးထိပ်ပိုင်းမှာ သေးငယ်တဲ့အစက်လေးစဖြစ်ပြီး အစက်ကလေးများ တဖြည်းဖြည်းကြီးလာပြီး အစက်ကလေးဟာ အသီးတွင်းပိုင်း ဝင်သွားပါတယ်။ မရင့်သေးသော အသီးတွင် ကျရောက်ပါက မရင့်မီ မှည့်သွားပြီ အမည်းရောင် ပြောင်းလဲ၍ ပုတ်သွားပါတယ်။ မှိုဟာ မိုးရေနဲ့ အတူ မျောပါ ကူးစက်နိုင်ပါတယ်။ အပင်အကြွင်းအကျန်၊ ပွင့်ရွက်အုံမှာ ခိုအောင်းနေတတ်ပါတယ်။ မခုတ်ရသေးတဲ့ ငှက်ပျောခိုင်မှာ ၁၆% ရာခိုင်နှုန်း ကျရောက်နိုင်ပါတယ်။ ချိုတဲ့အသီးမှာ ၆-၁၀ ရက်ကြာ၊ အချိုပေါ့တဲ့ အသီးမှာ ၁၅-၂၀ ရက်ကြာသည်အထိ မှိုပွားများမှု ကြာတတ်ပါတယ်။ ဒီရောဂါ ကာကွယ်နှိမ်နင်းဖို့ကတော့ ရောဂါရတဲ့ အပင်အစိတ်အပိုင်းများ ခုတ်ပြီး မီးရှို့ပါ။ ဘောဒိုမစ်ချာဆေးရည်ကို အပင်သတ်တမ်းတလျှောက် (၄)ကြိမ် ဖြန်းပေးပါ။ ဒုတ္တာ (၂)ပေါင်၊ ကာဗွန်နိတ်ဆော်ဒါ ၂.၅ ပေါင်၊ ရေ (၁၀)ဂါလံနဲ့ ဖျော်စပ်ထားတဲ့ ဆေးရည်ဖြင့် အသီးစသီးချိန်မှ ရင့်မှည့်ချိန်အထိ (၄)ကြိမ် ဖြန်းပေးပါ။ အမိုးနီးယား ရေအပြင်းစား ၃ ပိုင်း၊ ရေဂါလံ (၅၀) ဖြင့် ဖျော်စပ်ထားတဲ့ အမိုးနီးယား ကြေးနီကာဗွန်နိတ် ဆေးရည်ကို (၄)ကြိမ် ဖြန်းပေးပါ။]
ငှက်ပျောမှာကျရောက်တဲ့ မိုကိုရောဂါဟာ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ ငှက်ပျောထိပ်စုရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ နီမတုတ်ကြောင့်ဖြစ်တဲ့ ရောဂါပါ။ မြန်မာနိုင်ငံမှာ ကျရောက်မှုနည်းပါးတဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ရောဂါများသာ မြန်မာနိုင်ငံမှာ အဓိကကျတဲ့ ရောဂါများ ဖြစ်ပါတယ်ဗျာ။
အဲ…ဒီလောက်ဆို အားလုံးလဲ သဘောပေါက်ပြီလို့ ထင်ပါတယ်ဗျာ။
Credit - အောင်ဆန်း(စိုက်ပျိုးရေး)
အထွေထွေကဏ္ဍ
ငှက်ပျောပိုးမွှားရောဂါ မှတ်သားစရာ နည်းပညာ
- 04/06/2020
ငှက်ပျောနဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့ ပိုးမွှား၊ရောဂါ အကြောင်းစုံအောင် ပြောပြချင်ပါတယ်။ ဒါမှ ကွဲကွဲပြားပြား သိရှိပြီး ကာကွယ်နှိမ်နှင်းလို့ နိုင်နင်းမှာပေါ့ဗျာ။ ငှက်ပျောပင်စိုက်ရင် ပိုးကလဲ ဒုက္ခပေးတယ်။ ရောဂါကလဲ နှိပ်စက်တယ်ဗျ။ ဖျက်ဆီးတဲ့ပိုးကတော့ (၁) ပင်စည်ထိုးပိုး၊ (၂) လှေးပိုး၊ (၃) ပျပိုးတို့ ဖြစ်တယ်ဗျ။