ကျရောက်သည့်အချိန်
ဤနီမတုတ်သည် ရိုးပြတ်၊ မြေတွင်း၊ ပေါင်းပင်များဖြစ်သော စပါးရိုင်းများ၌ ခိုအောင်းနေသည်ဖြစ်ရာ စပါးစစိုက်သည့် ပျိုးပင်မှရိတ်သိမ်းချိန်ထိ ကျရောက်နိုင်ပါသည်။ အထူးသဖြင့် ရိုးပြတ်တွင် ခိုအောင်းနေသည်။ ပင်စည်နီမတုတ် ဖြစ်သည်။
ရောဂါလက္ခဏာ
ကောက်စိုက်ပြီး (၆) ပတ်ခန့်တွင် ရောဂါလက္ခဏာများ တွေ့ရှိနိုင်သည်။ ရွက်ပြားနှင့်ရွက်ဖုံးထိတွေ့သောနေရာ ပတ်ဝန်းကျင်၌ စတင်ပြီး အစိမ်းရောင်သန်းနေသော အဖြူရောင်အပြောက်ကလေးများ တွေ့ရသည်။ ထို့နောက်အဖြူရောင်ဧရိယာ တိုးချဲ့ကျယ်ပြန့်လာပြီး အချို့မှာအဖြူစင်းများ ဖြစ်လာသည်။
စပါးပင်ဖွံ့ဖြိုးမှုအစောပိုင်းတွင် ဖျက်ဆီးခံရသောအနှံများသည် ရွက်ဖုံးအုပ်လျက် နေမြဲအတိုင်းတည်ရှိသည်။ အချို့စပါးနှံများ ရွက်ဖုံးမှ တစ်လစ်ထွက်နေခြင်းနှင့် စပါးပင်ဖွံ့ဖြိုးမှုနောက်ပိုင်း တိုက်ခိုက်ခံရသည့်အနှံများမှာ ရွက်ဖုံးအတွင်းမှထွက်လာသော်လည်း လိမ်ကွေးကောက် ပုံပျက်ပြီး အချို့မှာအစေ့မတည်နိုင်ဘဲ စပါးခွံများ သာရှိနေသည်။ အစေ့တည်လျှင်လည်း ညံ့ဖျင်းသော အစေ့များသာ ဖြစ်စေသည်။
Source ; PPD