Print this page

ငရုပ်အထူးသီးသန့် ရွက်ဖျန်းမြေသြဇာ

ငရုပ်အထူးသီးသန့် ရွက်ဖျန်းမြေသြဇာ ရွက်ဖျန်းမြေဩဇာ


သတ်မှတ်ချက် - အရည်
ပါဝင်သောပစ္စည်း(A1) - N2 -2.3%, P2O5-6.2%,K2O6.2%, Amino Acid 8%, Rare Earth Chilate compound -2%, B 0.3%
ပါဝင်သောပစ္စည်း(A2) - Vitamin B1,B6,C – 6%, Ampicillin-2%

ထုပ်ပိုးပုံ - 500 CC
လိုက်စင်အမှတ် - ထလ(851)
အသုံးပြုပုံ - ရေ (4-5) ဂါလံဝင် ဆေးဖျန်းပုံးတွင် ငရုပ်အထူးသီးသန့် ရွက်ဖျန်းမြေသြဇာ A1 နှင့် ငရုပ်အထူးသီးသန့် ရွက်ဖျန်းမြေသြဇာ A2 ဆေးရည်ဗူးဖုံးတစ်ဖုံးစီ ရောစပ်၍ အပင်ငယ်စဉ် တစ်ဧကလျှင် ဆေးဖျန်းပုံး (3-5) ပုံး၊ အပင်ကြီးလျှင် တစ်ဧက ဆေးဖျန်းပုံး (5-8) ပုံး ဖျန်းပေးရပါမည်။

ကုန်ပစ္စည်းအသေးစိတ်
အပင်ငယ်စဉ်မှစ၍ အသီးကုန်ဆုံးချိန်အထိ (10 - 15) ရက်ခြားဖျန်းပါ။ အရွက်သေးဖြစ်ပွားခဲ့ဖူးသော အကွက်များတွင် အပင်ငယ်စဉ်စောစောပိုင်းမှစ၍ (7-10) ရက်ခြား ပက်ဖျန်းပေးပါက အမြစ်များ မြေအောက်သို့ နက်နက်ဆင်းခြင်း၊ ဘေးသို့ ဖြာထွက်မှုကောင်းခြင်းများကြောင့် မြေတွင်းရှိ အစိုဓာတ်များကို ကောင်းစွာ စားသုံးနိုင်ခြင်း၊ အပင်ကြီးထွားသန်စွမ်း၍ ကိုင်းဖြာထွက်မှုကောင်းစေခြင်း၊ ပန်းပွင့် အရေအတွက်များပြားစေကာ အသီးတင်မှု အားကောင်းစေခြင်း၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေခြင်း၊ ရင့်မှည့်မှု ညီညာစေပြီး ဈေးကွက်ဝင်အရည်အသွေးနှင့် အရောင်အသွေးကို ရရှိစေခြင်း၊ မြေတွင်းအစိုဓာတ် လုံလောက်ပါက အသီးသီးမှုတာရှည်ကာ သာမန်ထက်အကြိမ်ရေပိုမို ခူးဆွတ်နိုင်ပါသည်။

Last modified on 06/12/2022

Share this article