Print this page

နှမ်းအထူးသီးသန့် ရွက်ဖျန်းမြေသြဇာ


နှမ်းအထူးသီးသန့် ရွက်ဖျန်းမြေသြဇာ ရွက်ဖျန်းအားဆေး


သတ်မှတ်ချက် - အရည်
ပါဝင်သောပစ္စည်း(A1) - N2 2.4%: P2O5 0.2%, K2O 0.005%, Amino Acid 8%, Rare Earth Chilate Compound 2% 
ပါဝင်သောပစ္စည်း(A2) - N2 1.4%: P2O5 6.4%, K2O 5.9%, Mo 7 ppm

ထုပ်ပိုးပုံ - 500 CC
လိုင်စင်အမှတ် - ထလ(754)
အသုံးပြုပုံ - ရေ (4-5) ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် A1 ဆေးရည် ဗူးဖုံး (၁)ဖုံးနှင့် A2 ဆေးရည်ဗူးဖုံး (၁) ဖုံးရောစပ်ရန်၊ အပင်ငယ်စဉ် တစ်ဧက ဆေးဖျန်းပုံး (3-5) ပုံး၊ အပင်ကြီးလျှင် တစ်ဧက ဆေးဖျန်းပုံး (5-8) ပုံး ဖျန်းပါ။

ကုန်ပစ္စည်းအသေးစိတ်
နှမ်းအထူးသီးသန့် ရွက်ဖျန်းမြေသြဇာ A1 နှင့် A2 ကို အပင်ငယ်ချိန်မှ နှမ်းပန်းမတိမ်မီအတွင်း (2) ကြိမ်ပက်ဖျန်းပေးပါက အမြစ်များ မြေအောက်သို့ နက်နက်ဆင်းခြင်း၊ ဘေးသို့ ဖြာထွက်မှုကောင်းခြင်းကြောင့် မြေတွင်းရှိ အစိုဓာတ်နှင့် အာဟာရဓာတ်များကို ကောင်းစွာ စားသုံးနိုင်ခြင်း၊ အရွက်ကြီးထွားဖွံ့ဖြိုးမှု၊ အစိမ်းရောင် ကလိုရိုဖီးဖြစ်ပေါ်မှုနှင့် အစာချက်လုပ်မှု ကောင်းမွန်စေသည်။ ကိုင်းဖြာထွက်မှုနှင့် အပင်ကြီးထွားသန်စွမ်းမှု လျင်မြန်စေသည်။ သီးပွင့်မှု အင်္ဂါများပြားစေမှု၊ ဝတ်မှုံကူးမှု၊ မျိုးအောင်မှု အစေ့အဆန်တည်မှု ကောင်းစေသည်။ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊ သီးနှံအရည်အသွေးနှင့် ဆီထွက်ရာခိုင်နှုန်း ကောင်းမွန်စေသည်။ နှမ်းသီးနှံအထွက်နှုန်း 20%မှ 40% တိုးတက်ထွက်ရှိရန် အာမခံပါသည်။

Last modified on 06/12/2022

Share this article