Print this page

ရန်ဝေး

ရန်ဝေး ပိုးသတ်ဆေး

 သတ်မှတ်ချက် - အရည်

ပါဝင်သောပစ္စည်း -  Abamectirl 20% 

ထုပ်ပိုးပုံ - ၅၀၀စီစီ

လိုင်စင်အမှတ် -  F2016 - 1176

အသုံးပြုမှုနှုန်းထား  - ရေ ၂၀လီတာ (၄-၅ ဂါလံ)ဆန့်တဲ့ ဆေးဖျန်းပုံးမှာ ရန်ဝေး ထမင်းစားဇွန်း (၁)ဇွန်းမှ (၂)ဇွန်း (၁၀ စီစီမှ ၂၀စီစီ)ထိ ရေနဲ့ အတူရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ သီးနှံတစ်ရာသီတွင် (၃) ကြိမ်ထက်ပိုမဖျန်းရပါ။ ဆေးဖျန်းခြားရက် (၁၀-၁၄)ရက် 

အသုံးပြုပုံ -  ရန်ဝေး(ထိသေ၊ စားသေ အာနိသင်ရှိ အင်းဆက်ပိုးသတ်ဆေး)အား စပါး၊ မြေပဲ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ ခရမ်းချဉ် တို့တွင် ကျရောက်ဖျက်ဆီးတတ်သည့် လှေးပိုး၊ ဆစ်ပိုး၊ ရွက်ခေါက်ပိုး၊ ရွက်လိပ်ရွက်ကပ်၊ ငမြှောင်တောင် ၊ ပျ၊  သရစ်ပိုး၊ ရွက်ထွင်းပိုး၊ ထွာကောင်စိမ်း၊  မွှားပင့်ကူနီ၊ သရစ်၊ ရွက်ထွင်းပိုး၊ မွှားပင့်ကူနီ စတဲ့ ပိုးများကို နှိမ်နင်းပေးနိုင်ပြီး သတ်မှတ်ထားသည့် တစ်ဧကနှုန်း ထားအတိုင်း သုံးစွဲပါ။

ကုန်ပစ္စည်းအသေးစိတ်

လှေးပိုးများဆိုးရွားစွာကျရောက်ပါက ထန်းလျက်ခဲ( ၄-၅)လုံးခန့်ကို ရေဖျော်ပြီး ရန်ဝေးပိုးသတ်ဆေးဖြင့် ရောစပ်ပက်ဖျန်းပေးနိုင်ပါသည်။ ထိသေ၊ စားသေ အာနိသင်ရှိ၍ အထက်ဖော်ပြပါ သီးနှံမျိုးစုံတို့တွင် ကျရောက်တတ်သော ပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။

 

Last modified on 03/10/2024

Share this article