Print this page

ဇာတ်လိုက်

ဇာတ်လိုက်ပေါင်းသတ်ဆေး

 

သတ်မှတ်ချက် - အရည်

ပါဝင်သောပစ္စည်း - Cyhalofop-butyl 5%W/V + Fenoxyprop-p-ethyl 5%W/V

ထုပ်ပိုးပုံ - ၅၀၀စီစီ

အသုံးပြုပုံ - ရေ ၄-၅ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် (၂၅-၄၀)စီစီ နှုန်းဖြင့်အသုံးပြုပေးရမည်။ (သတ်မှတ်နှုန်းထားထက် ကျော်လွန်၍ အသုံးမပြုရပါ။)

၁ဧကလျှင် အနည်းဆုံး ဆေးဖျန်းပုံး ၅-၆ပုံး အသုံးပြုနိုင်ပါသည်။

ပေါင်းမြက်ပေါက်ရောက်မှု နည်းပါးပြီး ပေါင်းသက်တမ်း မရင့်သေးပါက ရေ ၄-၅ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် ၂၅စီစီ နှုန်းထားဖြင့်ပက်ဖျန်းအသုံးပြုပေးပါ။

ပေါင်းမြက်ပေါက်ရောက်မှု ထူပြော များပြားပြီး ပေါင်းသက်တမ်းရင့်ပါက ရေ၄-၅ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် ၄၀စီစီ နှုန်းထားဖြင့် အသုံးပြုပေးပါ။

ကုန်ပစ္စည်းအသေးစိတ်

စပါးခင်းတွင် မျိုးစေ့ကြဲပြီး အပင်ပေါက်ပြီး ၁၈ရက်နောက်ပိုင်းတွင် စတင်အသုံးပြုနိုင်သည်။

အစိုကြဲခင်း၊ အခြောက်ကြဲခင်း၊ ရွှေ့ပြောင်းစိုက်ခင်းများတွင် သုံးစွဲရန် အထူးသင့်လျော်သည့် ပင်လုံးပြန့်ပေါင်းသတ်ဆေး ဖြစ်သည်။ 

တစ်နှစ်ခံ ရွက်ချွန်းမျိုးနွယ်ဝင်များဖြစ်သော မြက်သီး၊ လက်သည်းခွမြက်၊ နွားမြီးကပ်၊ ဒေါင်းမြီးပျံ၊ သက်ကယ်မြက်၊ ဒေါင်းစပါး၊ သမန်းမြက် စသည့်ပေါင်းမြက်များကို ကောင်းမွန်စွာ နှိမ်နင်းပေးနိုင်ပါသည်။

Last modified on 08/08/2023

Share this article