Print this page

နိုင်းဝမ်း

ပေါင်းသတ်ဆေး

 သတ်မှတ်ချက် - အရည်

ပါဝင်သောပစ္စည်း - Penoxsulam 4% + Cyhalofop-butyl 20%EC

ထုပ်ပိုးပုံ - ၅၀၀စီစီ

လိုင်စင်အမှတ် - P2022-4730

အသုံးပြုပုံ - ရေ ၄-၅ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် (၃၀-၅၀)စီစီ နှုန်းဖြင့်အသုံးပြုပေးရမည်။ (သတ်မှတ်နှုန်းထားထက် ကျော်လွန်၍ အသုံးမပြုရပါ။) ၁ဧကလျှင် ဆေးဖျန်းပုံး ၅-၆ပုံး အသုံးပြုနိုင်ပါသည်။

ကုန်ပစ္စည်းအသေးစိတ်

စပါးခင်းတွင် မျိုးစေ့ကြဲပြီးနောက် အပင်ပေါက်ပြီး ၇-၉ရက်ကြာပြီး နောက်ပိုင်းတွင် စတင်အသုံးပြုနိုင်သည်။

အစိုကြဲခင်း၊ အခြောက်ကြဲခင်း၊ ရွှေ့ပြောင်းစိုက်ခင်းများတွင် သုံးစွဲရန် အထူးသင့်လျော်သည့် ပင်လုံးပြန့်ပေါင်းသတ်ဆေး ဖြစ်သည်။ မြက်သီး၊ ဒေါင်းမြီးပျံ၊ နွားမြီးကပ်၊ လက်သည်းခွ၊ ဓါးမနိုင်(တပင်ရွှေထီးမြက်)၊ ဝက်ကြွပ်၊ ကြိတ်မှန်၊ ကုလားပင်စိမ်း၊ ဗေဒါ၊ မြင်းခွာရွက်၊ တစ်လိုင်းခေါင်း၊ ကတောက်ဆပ်၊ မြက်မုံညင်းဝါ စသည့် ရွက်ချွန်းမျိုးနွယ်၊ ရွက်ပြန့်မျိုးနွယ်နှင့် မုန်ညင်းမျိုးနွယ်ဝင် ပေါင်းများကို ကောင်းမွန်စွာ နှိမ်နင်းပေးနိုင်ပါသည်။

Last modified on 11/05/2023

Share this article