Print this page

Top one စပါးအထွက်တိုးမြေသြဇာ Featured

Top One စပါးအထွက်တိုးမြေသြဇာ


သတ်မှတ်ချက် - အခဲ
ပါဝင်သောပစ္စည်း - N : 20%, K2O: 12%
ထုပ်ပိုးပုံ - 50 Kg
အသုံးပြုပုံ - ၁ ဧကလျှင် အထွက်တိုးမြေသြဇာ (၅၀) ကီလိုဂရမ်တစ်အိတ်နှုန်းဖြင့် စပါးကြဲခင်း (သို့) စိုက်ခင်းတွင် ကြဲပြီး/စိုက်ပြီး ရက် (၆၀-၇၀)သားတွင် အသုံးပြုရန်ဖြစ်ပါသည်။

ကုန်ပစ္စည်းအသေးစိတ်
Top One အထွက်တိုးမြေသြဇာသည် ရာသီဥတုနှင့် ရောဂါဒဏ်ခံကို ထိရောက်စွာ ကာကွယ်နိုင်ပြီး အစိမ်းရောင်တာရှည်ခံကာ ရိတ်သိမ်းပြီးချိန်အထိ အလံရွက်စိမ်းနေပါသည်။ ရာသီဥတုနှင့် ရောဂါဒဏ်ခံကို ထိရောက်စွာ ကာကွယ်နိုင်ပြီး စပါးရွက်များဝါခြင်း၊ နီခြင်း၊ ခြောက်ခြင်း၊ သံအဆိပ်သင့်ခြင်း စသည်တို့အပြင် အာဟာရ ဓာတ်ချို့တဲ့ခြင်း လွန်ကဲခြင်းများကို ထိန်းညှိပေးနိုင်ပါသည်။ စပါးဂုတ်ကျိုးရောဂါ၊ စပါးရွက်ဖုံး ပုပ်ရောဂါ၊ စပါးရွက်ဖုံးခြောက်ရောဂါ၊ စပါးပင်စည်ပုပ်ရောဂါ၊ စပါးမို့သီးရောဂါစသည်တို့ကို ကာကွယ်ပေးနိုင်ပါသည်။  မြေချဉ်ငန်ကိန်း (PH) ကို ထိန်းညှိပေးနိုင်သောကြောင့် မှိုရောဂါများ ပေါက်ပွားပျံ့နှံ့မှုကို ထိန်းချုပ်ပေးနိုင်ရုံသာမက စပါးပင် ကျန်းမာသန်စွမ်းပြီး ပုံမှန်လုပ်ဆောင်ရသည့် အစာချက်ခြင်း၊ အာဟာရသိုလျှောင် စုဆောင်းခြင်းများ ပိုမိုလုပ်ဆောင်နိုင်သောကြောင့် အစေ့အဆံပြည့်ဝကာ အလေးချိန်စီးပြီး စပါးအထွက်နှုန်းကို ပိုမိုထွက်စေနိုင်ပါသည်။

Last modified on 06/12/2022

Share this article