Print this page

Top one Urea Fertilizer

တော့ပ်ဝမ်း ယူရီးယားမြေဩဇာ အလုံးကြီး

သတ်မှတ်ချက် - အခဲ
ပါဝင်သောပစ္စည်း - N - 46%, Amino Acid - 0.1 %
ထုပ်ပိုးပုံ - 50 Kg
လိုင်စင်အမှတ် - ထလ/1599
အသုံးပြုပုံ - မြေခံ (သို့) ရွေ့စိုက်ပြီး/ကြဲပြီး (၅-၇) ရက်အတွင်း (၁) ကြိမ်၊ စိုက်ခင်း/ ကြဲခင်းတွင် ဖုံးတုံးလုံးတုံးအချိန် (၆၀-၇၀)ရက်တွင် (၁) ကြိမ် ထိထိရောက်ရောက် ကြဲပက်ကျွေးပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။

ကုန်ပစ္စည်းအသေးစိတ်
ရွှေနဂါး Top One Urea Fertilizer(အလုံးကြီး) သည် မြေဆီလွှာဖွဲ့စည်းမှု ပိုမိုကောင်းမွန်စေခြင်း၊ မြေဆီလွှာအတွင်းရှိ အင်ဇိုင်းများ၏ လုပ်ဆောင်မှုနှင့် လှုပ်ရှားမှုပိုမို ကောင်းမွန်စေပြီး စပါးပင်အတွက် အာဟာရဓာတ်အပြည့်အ၀ စားသုံးစေနိုင်ခြင်း၊ အမြစ်စဉ် အားကောင်း၍ ပင်စည်တောင့်တင်းသန်မာခြင်း၊ အောင်နှံထွက်နိုင်သော ပင်ပွားများခြင်း၊ အရွက်အစိမ်းရောင်တာရှည်ခံခြင်း စသည်တို့ကြောင့် အစေ့အဆံအောင်မြင်ပြည့်ဝ၍ အဖျင်း အမှော်နည်းကာ အထွက်နှုန်းကို တိုးပွားစေနိုင်ပါသည်။

Last modified on 06/12/2022

Share this article