Print this page

မျိုးစပါးတွင် ပေါင်းကင်းစင်စေအောင်ဆောင်ရွက်နည်း(Methods to minimize the weed)

အပင်ဖြစ်ထွန်းအောင်မြင်ပြီး သီးနှံအထွက် တိုးရေးအတွက် အထောက် အကူဖြစ်စေရန်၊ မျိုးစပါးတွင် ပေါင်းမြက်ကင်းစင်ဖို့နှင့် ပေါင်းမြက်ကင်းစင် အောင် ဆောင်ရွက်ရမည့် နည်းလမ်းများကို Myanma Shwe Nagar မှ တောင်သူ ဦးကြီးများ သိရှိစေနိုင်ရန်အတွက် စုစည်းတင်ပြလိုက်ပါသည်။

(၁) မျိုးစပါးတွင် ပေါင်းမြက်ကင်းစင်စေရန် ဆန်ကောဖြင့် ပြာသီးသန့်စင်ပါ။

(၂) မျိုးစပါးကို ဆားရည်စိမ်၍ သန့်စင်ပါ။

(၃) သန့်စင်သော လယ်ယာသုံးကိရိယာများကို အသုံးပြုပါ။

(၄) နွေထယ်ရေးလှန်ပါ။

(၅) ထယ်ရေးနက်နက်နှင့် ညက်ညက်ရအောင်ပြုပြင်ပါ။

(၆) ထွန်မွှေရာတွင် မြက်ခေါင်းကုန်စင်အောင် ကောက်ပါ။

(၇) လယ်သားမျက်နှာပြင် ညီညာအောင် ဆောင်ရွက်ပါ။

(၈) လယ်ကွင်များတွင် ရေမပြတ်စေရ။

(၉) သဘာဝမြေသြဇာအပုံများပြုလုပ်၍ သုံးစွဲပါ။

(၁၀) လက်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နင်းပါ။

(၁၁) တမန်းနိုး၊ ကြားလိုက်ကိရိယာဖြင့် နှိမ်နင်းပါ။

(၁၂) ပေါင်းသတ်ဆေး အသုံးပြု၍ နှိမ်နင်းပါ။


Source - မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း
#myanmashwenagar

Share this article